DVB Logo
Home
Lead Story
မြန်မာ့ဖုန်း နိုင်ငံခြားတွင် သုံးနိုင်တော့မည်
DVB
·
June 27, 2014
မြန်မာ့ဖုန်း နိုင်ငံခြားတွင် သုံးနိုင်တော့မည်
Donate to DVB

လာမယ့် ဇူလိုင် ၂ ရက်နေ့ကစပြီး မြန်မာပြည်မှာ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေကို အာဆီယံနိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၃၁ နိုင်ငံကို ယူဆောင် အသုံးပြုနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

MPTနိုင်ငံခြား ယူဆောင် အသုံးပြုလိုသူတွေအနေနဲ့ Postpaid ဖုန်း ကိုင်သူဖြစ်ရင် ရန်ကုန် မောင်ထော်လေးလမ်း ဆက်သွယ်ရေးရုံးမှာ ကြိုတင်ငွေ ကျပ် ၅ သိန်းသွင်းပြီး မှတ်ပုံတင်ရပါမယ်။

Prepaid ဖုန်း ကိုင်ဆောင်သူတွေကတော့ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးကို မှတ်ပုံတင် အပါအ၀င် အထောက်အထားတွေနဲ့ သွားရောက် မှတ်ပုံတင်ပြီး ကြိုတင်ငွေဖြည့်ကတ်တွေ ၀ယ်ယူဖြည့်တင်းရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရောက်ပြီး ဖုန်းအသုံးပြုတဲ့အခါ အာဆီယံ နိုင်ငံအချင်းချင်း ခေါ်ရင် ၁ မိနစ် ကျပ် ၁၂၀၀ ကျသင့်ပြီး မြန်မာပြည်ကို ပြန်ခေါ်ရင်တော့  ၁ မိနစ် ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရောက်ချိန် မြန်မာပြည်က ခေါ်တဲ့ ဖုန်းကို လက်ခံရင် အ၀င် ၁ မိနစ် ကျပ် ၁၂၀၀ ကျမှာဖြစ်ပြီး အခြားနိုင်ငံက ခေါ်တာတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံက သတ်မှတ်တဲ့အတိုင်း ကုန်ကျမှာဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုခတွေကို ဇုန်အလိုက် သတ်မှတ်ထားပြီး ၁ မိနစ် ကျပ် ၁၂၀၀၊ ကျပ် ၃၀၀၀ နဲ့ အထက်ကျသင့်တဲ့ နိုင်ငံတွေ ရှိတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

အလားတူ နိုင်ငံပေါင်း ၄၆ နိုင်ငံက အော်ပရေတာ ၇၇ ဦးရဲ့ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေဟာလည်း သူတို့ရဲ့ ဖုန်းတွေကို မြန်မာပြည်ထဲမှာ သုံးစွဲနိုင်ပြီလို့ ဆက်သွယ်ရေးက ကြေညထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013