DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
May 10, 2023
ကရင်နီ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ လိုအပ်နေ
Donate to DVB

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆန်နဲ့ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိတယ်၊ ၁,၀၀၀ ကျော်တယ် စစ်ဘေးရှောင်စခန်းတွေမှာ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားသောက်ကုန် အမိုးအကာ လိုအပ်ချက်များစွာရှိနေတယ်”လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းမှာ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု ကန့်သတ်ထားပြီး ပစ္စည်းအများအပြား သယ်ယူပို့ဆောင်မှု ပိတ်ပင်ထားတာကြောင့်ရော အလှူရှင်ထောက်ပံ့မှု နည်းတာတွေကြောင့်ရော လိုအပ်ချက်တွေ များနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး “တချို့စခန်းတွေ ရိက္ခာပြတ်လပ်နေတယ်။ အကူအညီလာတောင်းတာတွေလည်း ရှိတယ်။ NGO တွေနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ကရင်နီကို ဝိုင်းကူစေချင်တယ်” KHAI အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီတိုက်ပွဲတွေအတွင်း စစ်ရှောင်စခန်းတွေကို စစ်ကြောင်းထိုးလို့ စစ်ဘေးရှောင် ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ရှမ်းတောင်တော်လှန်ရေးအင်အားစုက မေ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013