DVB Logo
Home
မြန်မာသတင်း
မန္တလေး Denko ဆီဆိုင် ကျပ် ၂၅၆ သိန်း ဓားပြတိုက်ခံရ
DVB
·
May 7, 2023
မန္တလေး Denko ဆီဆိုင် ကျပ် ၂၅၆ သိန်း ဓားပြတိုက်ခံရ
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ်၊ စစ်ကိုင်း- မန္တလေးသွား မြို့ပတ်လမ်း၊ ရှမ်းကလေးကျွန်းနဲ့ ကန်တော်ကြီးနားက Denko ဆီဆိုင်မှာ မေ ၆ ရက် မနက်အစောပိုင်းက ဆိုင်ကယ်စီး လူ ၃ ဦးက ဓားကိုင်ပြီး ကျပ်၂၅၆ သိန်းလေက် ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက် ၂ နာရီခွဲလောက်က ဆိုင်ကယ် ၂ စီးနဲ့ လူ ၃ ဦး ဆိုင်ထဲရောက်လာပြီး ဆီထည့်လိုကြောင်း ပြောကာ အနားရောက်လာတဲ့ ဆိုင်လုံခြုံရေး ၂ ဦးကို ဓားနှောင့်နဲ့ ရိုက်နှက်၊ လက်ပြန်ကြိုးတုပ်ကာ မန်နေဂျာရုံးခန်းကို ခေါ်သွားခိုင်းခဲ့တာပါ။

မန္တလေးမြို့ခံတဦးက "ကမ်းနားလမ်းနဲ့ ကန်တော်ကြီးတောင်ဘက်က ဆိုင်။  စီစီတီဗွီရှိတယ်။ ဒေတာပါတဲ့ စက်ကို ယူသွားတယ်။ လာတာက ဆိုင်ကယ်က ၂ စီး ယောင်္ကျား ၃ ယောက်ပါတယ်။ လုံခြုံရေးဦးလေးကို လာမေးတာတဲ့ ဆီပြတ်သွားလို့ ထည့်လို့ ရလားဆိုပြီး  အနားရောက်လာမှ ဓားနဲ့ထောက်ပြီး မန်နေဂျာဆီကနေ ပိုက်ဆံတွေ ယူသွားတာ။ အကုန်လုံးကို လက်ပြန်ကြိုးတွေ ချည်ထားခဲ့တာ။ သူတို့ ထွက်‌သွားတော့ မီးတွေ ပိတ်ခဲ့တယ်" လို့ ပြောပါတယ်။

ရုံးခန်းမှာ မန်နေဂျာဖြစ်သူ အမျိုးသားကို ဓားနဲ့ ရွယ်ထားတဲ့အပြင် ငွေသိမ်းခန်းထဲက မီခံသေတ္တာကို ဖွင့်ခိုင်းကာ ကျပ် ၂၅၆ သိန်း၊ စီစီတီဗွီစက်နဲ့ လက်ကိုင်ဖုန်း ၂ လုံး ယူဆောင်သွားပြီး လုံခြုံရေး ၂ ဦးနဲ့ မန်နေဂျာကိုပါ ကြိုးတုပ်ထားခဲ့ပြီး ဓားပြတွေက မြို့ပတ်လမ်းအတိုင်း ဆိုင်ကယ် မောင်းထွက်သွားတယ်လို့ သိရပါတယ်။

ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ရှမ်းကလေးကျွန်း Denko ဆီဆိုင်ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိသလို အမရပူရမြို့နယ်ရဲတပ်ဖွဲ့က ဓားပြတိုက်မှု ကျူးလွန်သူတွေကို လတ်တလော ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်‌က ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေရွှေဆိုင်မှာ ရွှေထည်ပစ္စည်း ခန့်မှန်း သိန်း ၁၅၀၀ ဖိုး ဓားပြမှုနဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က ထိပ်တန်းရွှေဆိုင်မှာ သိန်း ၂၇၀၀ ဖိုးခန့် ဓားပြမှုတို့ကတရားခံ ၆ ဦးနဲ့ ဆက်စပ်သူတွေကို ဖမ်းမိထားပြီလို့ စစ်ကောင်စီဘက်က မေ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013