
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခွန်ဦးစီးဌာန ခွင့်ပြုချက်နဲ့ ထီ ၄ မျိုး ရောင်းချနေခဲ့ရာမှာ ခဲခြစ်ထီမှာ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
3D၊ 36 ရွေး 1 ၊ အောင်ဘာလေထီနဲ့ ခြစ်ခြစ်ပျော်ထီ ဆိုပြီး ထီ ၄ မျိုးကို ကိုးကန့်လူမှုဖူလုံရေးထီ စီမံခန့်ခွဲမှုဗဟိုစင်တာက ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ဒေသခံ တဦးက "ခဲခြစ်က ခုဝယ်။ ခုခြစ်။ ခုပေါက်ပဲ။ ဆုငွေ နှစ်သိန်းခွဲက အမြင့်ဆုံးဆု။ မြန်မာငွေ ၄၀၀ နဲ့ တွက်ရင် တောင် သိန်းတစ်ထောင်ချက်ချင်းရတာဆိုတော့ လူကြိုက်များနေတယ်"လို့ ပြောပါတယ်။
အဲဒီထီဟာ မြန်မာကျပ်ငွေ ၂၀၀၀ တန် နဲ့ ၄၀၀၀ တန် နှစ်မျိုး ရှိတာဖြစ်ပြီး နယ်ဝေးကိုလည်း ရောင်းချပေးနိုင်တဲ့ထိ ထီဝါသနာရှင်တွေကြား ရေပန်းစားနေတာ ဖြစ်ပါတယ်။
ထီးရောင်းချတဲ့ ကိုးကန့်လူမှုရေးထီစီမံခန့်ခွဲမှုဗဟိုစင်တာကို ဧပြီ ၃၀ ရက်က လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသ အကြီးအကဲတွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီစင်တာဟာ ကိုးကန့်ဒေသရဲ့ ပရဟိတပညာရေး၊ ကိုးကန့်ဒေသရဲ့ နယ်ပယ်အသီးသီးနဲ့ လူမှုဖွံ့ဖြိုးရေး၊ မသန်စွမ်းသူ အရေးတွေမှာ ပံ့ပိုးကူညီဖို့ ရည်ရွယ်ထားတယ်လို့ စင်တာတာဝန်ရှိသူက ဖွင့်ပွဲနေ့ မှာ ပြောခဲ့ပါတယ်။