DVB Logo
Home
မြန်မာသတင်း
ဧပြီလအတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျ
DVB
·
May 5, 2023
ဧပြီလအတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျ
Donate to DVB

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ တင်ပို့မှုစာရင်းအရ ဧပြီလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုဟာ တန်ချိန် ၈၀,၀၀၀ ကျော်သာရှိပြီး အရင်နှစ် ကာလတူတင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ၆၅ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမလဖြစ်တဲ့ ဧပြီလမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက စုစုပေါင်း တန်ချိန် ၂၅၀,၀၀၀ ကျော်ထိရှိခဲ့တဲ့အတွက် တန်ချိန် ၁၆၃,၀၀၀ ကျော်ထိ လျော့ကျခဲ့တာပါ။

၂၀၂၂-၂၀၂၃ မတ်လမှာ တင်ပို့မှုပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း တန်ချိန် ၇၀,၀၀၀ ကျော်၊ ၄၅ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနေပါတယ်။

ပြည်တွင်းဆန်စျေး  အဆမတန်မြင့်တက်နေလို့ ပြည်ပတင်ပို့မှုအပေါ် ပမာဏ ကန့်သတ် ထိန်းချုပ်လိုက်တာကြောင့် တင်ပို့မှု လျော့ကျလာတာ ဖြစ်တယ်လို့ ကုန်သည်တချို့က သုံးသပ်ပါတယ်။

တဖက်မှာလည်း ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတာက ဆန်တင်ပို့ရောင်းချရာမှာ အကျိုးအမြတ် နည်းစေတာကြောင့် လုပ်ငန်းရပ်ဆိုင်းထားမှုတွေ ရှိနေတယ်လို့  ဆန်လုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ စာရင်းအရ အခုဘဏ္ဍာနှစ် ဧပြီလမှာ  စုစုပေါင်း ဆန်တန်ချိန်  ၄၇,၈၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၃၉,၇၀၀ ကျော်ကို တင်ပို့ခဲ့ပြီး ၉၇ ရာခိုင်နှိုင်းကျော်က ပင်လယ်ရေကြောင်းကနေ တင်ပို့ခဲ့တာပါ။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့မှုက ၂ ဒသမ ၆ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပေမဲ့ ပြီးခဲ့တဲ့မတ်လ တင်ပို့မှုထက် တန်ချိန်၂,၀၀၀ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။

ဧပြီလအတွင်း မြန်မာ့ဆန်ကို ဘယ်လ်ဂျီယံနိုင်ငံက အများဆုံးဝယ်ယူခဲ့ပြီး တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေကလည်း ဝယ်ယူထားပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ ဒသမ ၂ သန်းကျော်၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ထက် တန်ချိန် ၁ သိန်းဝန်းကျင် ပိုတိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိဖို့ လျာထားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013