DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အင်အားသိသိသာသာလျော့နည်းကျဆင်းလာပြီး စစ်သည် ၁ သိန်းခွဲခန့်သာကျန်ရှိဟု ခန့်မှန်း
DVB
·
May 5, 2023
မြန်မာစစ်တပ်အင်အားသိသိသာသာလျော့နည်းကျဆင်းလာပြီး စစ်သည် ၁ သိန်းခွဲခန့်သာကျန်ရှိဟု ခန့်မှန်း
1 / 2
Donate to DVB

မြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်အင်အားဟာ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက လူအများတွေးထင်ထားကြသလို အင်အား ၃ သိန်းကနေ ၄ သိန်းလောက်ထိ ရှိမနေဘဲ အဲဒီစစ်အင်အားရဲ့ ထက်ဝက်လောက်သာရှိနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် United States Institute of Peace (USIP) အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။

ခုလို ခန့်မှန်းထားတဲ့ အချက်အလက်တွေဟာ စစ်တပ်ကနေ ထွက်ပြေးလာကြသူ စစ်ပြေးတွေနဲ့ ကျယ်ပြန့်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ စစ်အုပ်စုဘက်က ညွှန်ကြားချက်နဲ့ အစည်း အဝေးမှတ်တမ်းမှတ်ရာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ အရွှေ့အပြောင်းနဲ့ စစ်သည်အင်အား မှတ်တမ်းတွေ၊ စစ်ပွဲပဋိပက္ခ အချက်အလက်နဲ့ တပ်မတော်ဆေးရုံတွေက မှတ်တမ်းတွေ က အသေအပျောက်စာရင်းတွေကို အခြေခံထားတာပါ။

ဒါကြောင့်မို့ လောလောဆယ် မြန်မာစစ်တပ်မှာ စစ်သည်အင်အား ၁ သိန်းခွဲလောက်သာ ရှိနိုင်တယ်လို့ USIP က ကောက်ချက်ချထားပါတယ်။

တိုက်ခိုက်ရေးစစ်သည်အင်အားကတော့ အကြမ်းဖျဉ်း ၇၀၀၀၀ လောက် ရှိနေပြီး အနည်းဆုံးစစ်သည်အင်အား ၂၁,၀၀၀ လောက်ကတော့ စစ်အာဏာသိမ်းပြီးကတည်း က အသေအပျောက်၊ တပ်ပြေးနဲ့ ဘက်ပြောင်းမှုတွေကြောင့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို တပ်အင်အားအဆင့်မှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲအင်အားအဖြစ် သူ့ကိုယ်သူ ထိန်းထားနိုင်ရုံသာရှိပြီး အစိုးရတရပ်မှာ ရှိရမယ့် အင်အားထက် များစွာနည်းပါးနေ တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က စတင်ပြီးတော့ စစ်တပ်ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံကို သိသာထင် ရှားစွာ ချဲ့ထွင်ခဲ့ပေမယ့် အချိုးကျတပ်အင်အား မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

ခြေလျင်တပ်ရင်းအရေအတွက်ဟာလည်း ၁၉၈၈ ခုနှစ်မှာ ၁၆၈ ခုကနေ ၂၀၀၇ ခုနှစ်မှာ ၅၀၄ ခုထိ တိုးလာခဲ့ပေမယ့် နောက်ထပ်လူအင်အားဟာ စီမံချက်ချထားသလို ဘယ်သော အခါကမှ အကောင်အထည်ပေါ်မလာတာကြောင့် တပ်ရင်းတွေမှာ ဝန်ထမ်းအင်အား နည်းပါးသွားခဲ့တယ်လို့လည်း USIP က ပြောပါတယ်။

လေ့လာသူတချို့ရဲ့ အဆိုအရ မြန်မာစစ်တပ်ရဲ့ တပ်ရင်းတွေမှာ ပျမ်းမျှစစ်သည်အရေအတွက်ဟာ ၁၉၈၈ ခုနှစ်မှာ ၆၇၀ ရှိခဲ့ရာကနေ ၁၉၉၈ ခုနှစ်မှာ ၃၅၀ နဲ့ ၂၀၀၈ ခုနှစ်မှာတော့ ၂၅၀ ထိ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်အုပ်စုဘက် က အထိနာနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအင်အားအဆင့် ညွှန်ကိန်းတွေကို သုတေသနပြု သုံးသပ်ဖော်ပြ ထုတ်ပြန်တဲ့ Global Firepower ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာတော့ ၂၀၂၃ ခုနှစ် စစ်ဘက်ဆိုင်ရာ အင်အားအဆင့်သတ်မှတ်ချက်မှာတော့ မြန်မာစစ်တပ်က နိုင်ငံပေါင်း ၁၄၅ နိုင်ငံထဲမှာ အ ဆင့် ၃၈ နေရာမှာ ရပ်တည်နေတာပါ။

အဆိုပါ အဆင့်သတ်မှတ်ချက် ညွှန်ကိန်းထဲမှာတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ယူကေနိုင်ငံတွေက စစ်အင်အား အကြီးဆုံး ထိပ်တန်း ၅ နိုင်ငံ အနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

PHOTO-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013