DVB Logo
Home
မြန်မာသတင်း
သပိတ်အဖွဲ့ဝင်များ ဖမ်းဆီးခံရသဖြင့် ကလေးပင်မသပိတ် ရပ်‌နားထားရ
DVB
·
May 5, 2023
သပိတ်အဖွဲ့ဝင်များ ဖမ်းဆီးခံရသဖြင့် ကလေးပင်မသပိတ် ရပ်‌နားထားရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အဖွဲ့အနေနဲ့ သပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ သပိတ်ပြုလုပ်တာတွေ ရပ်နားထားရတယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်‌တချို့က ပြောပါတယ်။

သပိတ်အဖွဲ့ဝင်တွေ အင်အားနည်းတာ၊ မိမိတို့ ပင်မသပိတ်အဖွဲ့တွေကို စစ်ကောင်စီက ပစ်မှတ်ထား စောင့်ကြည့်နေတာ၊ မြို့ပေါ်မှာ စစ်ကောင်စီက နေရာအနှံ့ ကင်းပုန်းချ စစ်ဆေးနေတာတွေကြောင့် ဆန္ဒပြသပိတ်တွေကို ရပ်နားထားရတာလို့ သပိတ်အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ သပိတ်အဖွဲ့တွေ ဖမ်းခံရပြီးနောက်ရက်ထိ ဆန္ဒပြတာတွေ လုပ်သေးတယ်။ ဖမ်းခံရတဲ့ အဖွဲ့ဝင်တွေက စစ်ကြောရေးမှာကြောင့် စိတ်ပူတာကတကြောင်း၊ လူအင်အားနည်းလို့ ဆန္ဒပြဖို့ အဆင်မပြေတာရောကြောင့် ခေတ္တရပ်နားထားရတာပါ။”

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရတာပါ။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ တော်လှန်လာခဲ့ကြရာ ရက်ပေါင်း ၈၀၀ အထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013