DVB Logo
Home
Lead Story
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျင်းပ
DVB
·
June 26, 2014
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျင်းပ
1 / 7
Donate to DVB

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ ဒီနေ့မနက် ၈ နာရီက ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ MANA က ကိုယ်စားလှယ်တွေ၊ UNODC နဲ့ EU က ကိုယ်စားလှယ်တွေ၊ အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေး အုပ်ချုပ်မှု အဖွဲ့ DEA နဲ့ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင် NNCC က ကိုယ်စားလှယ်တွေ၊ တရုတ်သံရုံးက ဆက်ဆံရေး ရဲအရာရှိနဲ့ အဖွဲ့ဝင်တွေ၊ တခြား NGO အဖွဲ့တွေ တက်ရောက်ကြပါတယ်။

မူးယစ်ဆေးအမျိုးအစား ၁၆ မျိုးကို ဖျက်ဆီးခဲ့ပြီး ဒေသ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၉ သောင်း ၂ ထောင့် ၇ ရာကျော်ဖိုး ဖြစ်ပါတယ်။
(ဓာတ်ပုံ - ကျော်ဇေယျာဝင်း)
[gallery ids="59154,59155,59156,59157,59158,59159,59160"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013