DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
May 3, 2023
တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် အကူအညီလိုအပ်
Donate to DVB

တနင်္သာရီတိုင်းဒေသအတွင်းရှိ စစ်ရှောင်ဦးရေမှာ ပြီးခဲ့တဲ့ဧပြီလအတွင်း ၃၀,၀၀၀ ကျော် ရှိနေတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေး အဖွဲ့ဆီက သိရပါတယ်။

ထားဝယ်မြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၃၅၈ ဦး၊ လောင်းလုံးမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၅,၀၀၀ ခန့်နဲ့ ယာယီစစ်ရှောင် ၁၀,၀၀၀ နီးပါးခန့်၊ ပုလောမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၂,၆၀၀ ကျော်နဲ့ ယာယီစစ်ရှောင် ၁၀,၀၀၀ ကျော်ခန့်၊ တနင်္သာရီမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၅,၀၀၀ ခန့် ရှိနေတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ရဲ့ အချက်အလက်အရ သိရပါတယ်။

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ ဧပြီ ၁၆ ရက်က ဆိတ်ဖူးကျေးရွာက ဒေသခံပြည်သူ ၃၀၀ ခန့်ဟာ ထိုင်းနယ်စပ်ကို စစ်ရှောင်ခဲ့ပေမဲ့ ဧပြီ ၁၇ ရက်နေ့မှာ နေရပ်ပြန်လာနိုင်တဲ့အတွက် စစ်ရှောင်ပြည်သူမရှိဘူးလို့ သိရပါတယ်။

သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာလည်း စစ်ရေးအခြေအနေ ငြိမ်သက်နေတာကြောင့် ဧပြီလအတွင်း စစ်ရှောင်ပြည်သူ မရှိပေမဲ့ စစ်ကောင်စီတပ်တွေက ဖြတ်လေးဖြတ်မူ ကျင့်သုံးပြီး ပြည်သူတွေကို ဖိနှိပ်ထားတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “စစ်ကောင်စီဘက်က စစ်ဆေးမှုတွေနဲ့ အကန့်အသတ် သယ်ယူမှုတွေ လုပ်လာတာကြောင့် ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရတာ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ထားဝယ်အရှေ့တောဘက်၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်ဘက်နဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ဆေးတင်းကျပ်မှုတွေ ပိုလုပ်လာတယ်” လို့ ပြောပါတယ်။

FE5 Tanintharyi ရဲ့ အချက်အလက်အရ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ရှောင်ပြည်သူ ၄၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ဧပြီလအတွင်းမှာတော့ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်ရှိခဲ့ရာ ၁၀,၀၀၀ လောက် လျော့နည်းသွားတယ်လို့ သိရပါတယ်။

“စစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ရှောင်ပြည်သူတွေကို ကူညီပေးရာမှာ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013