DVB Logo
Home
မြန်မာသတင်း
တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး
DVB
·
June 25, 2014
တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး
Donate to DVB

Telenorနော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင်မှုဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက်ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၁ ရက်နေ့က မြင်းမူမြို့မှာ မြို့ခံတွေနဲ့ တွေ့ဆုံပြီး တယ်လီနောအနေနဲ့ လာမယ့် စက်တင်ဘာလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချ ၀န်ဆောင်မှုပေးမယ့်အကြောင်း၊ ဆင်းကဒ် ၁ ခုကို ကျပ် ၁၅၀၀ သတ်မှတ်ထားတဲ့ အကြောင်း၊ ဖုန်းပြောဆိုခ ၁ မိနစ် ၂၅ ကျပ် သတ်မှတ်ထားကြောင်းနဲ့ ၅ နှစ်အတွင်း တနိုင်ငံလုံး လွှမ်းခြုံ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြပါတယ်။

ပထမအဆင့်အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေမှာပဲ စပြီး ၀န်ဆောင်မှု ပေးနိုင်ဦးမယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးသိန်းထွန်းလှ က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013