DVB Logo
Home
Lead Story
နိုင်ငံခြားဘဏ်တွေကို ဘဏ်ခွဲစနစ်နှင့် ဖွင့်ခွင့်ပြုဖို့ စီစဉ်နေ
DVB
·
June 25, 2014
နိုင်ငံခြားဘဏ်တွေကို ဘဏ်ခွဲစနစ်နှင့် ဖွင့်ခွင့်ပြုဖို့ စီစဉ်နေ
Donate to DVB

ဇွန် ၂၅ ရက် ဒီနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့်ကိစ္စနဲ့ ပြည်တွင်းဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အစီအစဉ်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

central bank1 copyနိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပြုဖို့ ဘဏ်ခွဲဖွင့်ခွင့်ပေးမယ့် နည်းနာ၊ ပြည်တွင်းဘဏ်နဲ့ ဖက်စပ်
လုပ်ခွင့်ပေးမယ့်နည်းနာ၊ ပြည်တွင်းမှာ ဘဏ်အသစ်တခုအဖြစ် တည်ထောင် မှတ်ပုံတင်ပြီး ခွင့်ပြုပေးမယ့် နည်းနာ ၃ ခု အနက် စည်းကမ်းသတ်မှတ်ချက် အများကြီး ချမှတ်ထားတဲ့ ဘဏ်ခွဲဖွင့်ခွင့် နည်းနာနဲ့ ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ သူက ရှင်းပြပါတယ်။

ဒီဘဏ်ခွဲတွေအနေနဲ့ အနည်းဆုံး မတည်ငွေ ဒေါ်လာ ၇၅ သန်း ယူလာရမယ်၊ ဒေါ်လာ သန်း ၄၀ ကိုတော့ ပြန်လည် ထုတ်ယူသွားဖို့ ခွင့်မပြုတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ထားရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်လီဘဏ်လုပ်ငန်းတွေ လုပ်ခွင့်ပေးမှာ မဟုတ်ပဲ ပြည်တွင်းဘဏ်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုပဲ ၀န်ဆောင်မှုပေးစေမယ် လို့ဆိုပါတယ်။

နိုင်ငံအတွင်းမှာ ဘဏ်ခွဲတခုကိုပဲ ဖွင့်ခွင့်ပေးမှာ ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးရေး အတွက်ကိုတော့ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ဖို့ သတ်မှတ်ပေးသွားမယ် လို့ ဆိုပါတယ်။

ဒီလုပ်နည်းလုပ်ဟန်နဲ့ သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေဟာ စင်ကာပူကလွဲရင် ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းအပါအ၀င် အာရှ နိုင်ငံအားလုံး ချမှတ် ကျင့်သုံးတဲ့ စည်းမျဉ်းတွေ ဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013