DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာ နည်းဥပဒေမူကြမ်း စာနယ်ဇင်းကောင်စီ လွှတ်တော်တင်မည်
DVB
·
June 25, 2014
သတင်းမီဒီယာ နည်းဥပဒေမူကြမ်း စာနယ်ဇင်းကောင်စီ လွှတ်တော်တင်မည်
Donate to DVB

သတင်းမီဒီယာ နည်းဥပဒေမူကြမ်းကို ဇွန် ၂၈ ရက်နေ့ နောက်ဆုံးထားပြီး
စာနယ်ဇင်းကောင်စီက လွှတ်တော်တင်ဖို့ ရှိနေပါတယ်။

1စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အတည်ပြုခဲ့တာ ဖြစ်ပြီး နည်းဥပဒေ ထွက်ရှိဖို့ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ သတင်းမီဒီယာ နည်းဥပဒေ ရေးဆွဲဖို့ ရက် ၉၀ ရရှိခဲ့ပေမယ့် ဥပဒေပညာရှင် အခက်အခဲကြောင့် နောက်ထပ် ၁၄
ရက် တိုးကာ ရေးဆွဲခဲ့ပြီး သတင်းစာဆရာတွေရဲ့ အကြံပြုဝေဖန်ချက်တွေ ယူပြီး စာနယ်ဇင်း ကောင်စီ(ယာယီ)က ဇွန် ၂၈ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေတဆင့် လွှတ်တော်ကို တင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“မီဒီယာဥပဒေရေးဆွဲပြီး နည်းဥပဒေ ရေးဆွဲဖို့ ရက် ၉၀ ရခဲ့တယ်။ ပြဿ နာ အခက်အခဲက နည်းဥပဒေကို ရေးဆွဲတဲ့ ဥပဒေ ပညာရှင်က မြန်မာနိုင်ငံမှာ တော်တော်နည်းတယ်။ ဒီဥပဒေ ပညာရှင်ကို ရှာဖွေပြီးတော့ ရေးဆွဲရတဲ့အတွက် ရက် ၉၀ ကျော်သွားလို့ အပို ၁၄ ရက်တောင်း ပြီးမှ ဒါကို လုပ်ပါတယ်။ အကြံဥာဏ်တွေကို လာမယ် ၂ ရက်အတွင်းမှာ ရအောင်ယူမယ်။ ယူပြီးရင် လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်ပြသွားပါ့မယ်။ လွှတ်တော်မှာ ဒါကို ပြင်ဆင်တည်းဖြတ် အတည်ပြုပြီးရင် မီဒီယာဥပဒေ စတင်အသက်ဝင်မယ်လို့ ပြောလို့ရပါတယ်။”

သတင်းမီဒီယာ နည်းဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ကနေ

ဇွန် ၂၅ ရက် ဒီနေ့ နံနက်ပိုင်း ရန်ကုန်မြို.မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းခဲ့ပြီး သတင်းစာ ဆရာတွေက ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

ဂျပန် အန်အိတ်ခ်ျကေ (NHK)သတင်းဌာနက ဦးသီဟကတော့ ဒီနေ့ စာနယ်ဇင်းကောင်စီက ချပြခဲ့တဲ့ သတင်းမီဒီယာ နည်းဥပဒေမူကြမ်းမှာ အဓိကအားနည်းချက်အဖြစ် အစိုးရအဖွဲ့အစည်းတွေက မီဒီယာတွေအပေါ်မှာ လိုက်နာသင့်တဲ့အချက်တွေ ပါဝင်တာ မတွေ့ရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
“ဒီဥပဒေမှာ အားနည်းချက်တခုက ဘာတွေ့လည်းဆိုတော့ ဒီဥပဒေကို မီဒီယာသမားတွေ အပြင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက မလိုက်နာကဲ့သော် ဆိုတဲ့ ချုပ်မိတဲ့ ချုပ်ကွက်မျိုး မတွေ့ရဘူး။ အဲဒါက ကျနော်တို့ လိုလားချက်ကို ရနိုင်သေးဘူး။ အဓိက ဒီနည်းဥပဒေကို ထုတ်ပြန်လိုက်တာနဲ့ အစိုးရက သူတို့မှာ သတင်းတွေကို ထုတ်ပြန်ဖို့ တာဝန်ရှိပါလား၊ ငါတို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါလားဆိုတာ ခံစားသွားရမယ်။ အဲဒီလို မခံစားရသေးရင် ဒီဥပဒေက အားနည်းနေသေးတယ်။”

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ သတင်းမီဒီယာ ဥပဒေ ရေးဆွဲစဉ်က ပါဝင်ခဲ့တဲ့ ဥပဒေအချို့ကို နည်းဥပဒေမှာ ဖြုတ်ခဲ့တဲ့အတွက် အားနည်းချက်ရှိတယ်လို့ အခုလို ပြောပါတယ်။
“အားနည်းချက်ဆိုတာက တချို့အပိုင်းတွေမှာ သတင်းမီဒီယာဥပဒေနဲ့ အရေးယူရမယ် ဆိုတဲ့ ဟာမျိုးကို သတင်းမီဒီယာဥပဒေမှာ ဖြုတ်လိုက်တော့ ဒီနည်းဥပဒေမှာလည်း အဲဒါကိုတော့ နည်းဥပဒေနဲ့လည်း ကာကွယ်လို့ မရဘူး။ အဲဒီလို အားနည်းချက်တွေတော့ ရှိတယ်။”

ဒီနေ့ စာနယ်ဇင်းကောင်စီက ချပြခဲ့တဲ့ သတင်းမီဒီယာ နည်းဥပဒေမူကြမ်းမှာ အခန်း ၁၄ ခန်းနဲ့ ပုဒ်မ ၅၅ ခု ပါဝင်ပြီး မူကြမ်းမှာ ပါဝင်တဲ့အချက်တွေကို မီဒီယာသမားတွေရဲ့ အကြံပြုချက်တွေ လာမယ့် ၂ ရက်အတွင်း လက်ခံပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့သွား မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခု ရေးဆွဲထားတဲ့
နည်းဥပဒေမူကြမ်းနဲ့ ပတ်သက်လို့တော့ ပြန်ကြားရေးက ဘယ်လို သဘောထားမယ်ဆိုတာ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013