DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ၄ လအတွင်း စစ်ပြေးဒုက္ခသည် ၇ သိန်းနီးပါး တိုးလာ
DVB
·
May 2, 2023
မြန်မာတွင် ၄ လအတွင်း စစ်ပြေးဒုက္ခသည် ၇ သိန်းနီးပါး တိုးလာ
Donate to DVB

၂၀၂၃ ခုနှစ် ပထမ ၄ လပတ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည် အရေအတွက်ဟာ ၇ သိန်းနီးပါးထိ စံချိန်တင် တိုးလာခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ ရက်အထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ထုတ်ပြန်ထားတာဖြစ်ကာ အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ စစ်ပြေးရှောင်အရေအတွက်လည်းတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ပထမ ၄ လပတ်အတွင်း နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည် ၆၈၂,၃၄၄ ယောက် ထက်မနည်း တိုးလာခဲ့ပြီးတော့ ဒီအရေအတွက်ဟာ အာဏာသိမ်းမှုအလွန် တိုးလာတဲ့ စစ်ပြေးဒုက္ခသည် စုစုပေါင်းရဲ့  ၄ ပုံ ၁ ပုံကျော်အထိ ရှိခဲ့တယ်လို့ ISP Myanmar က ပြောပါတယ်။

အာဏာသိမ်းမှုအလွန် အများဆုံး စစ်ပြေးတိမ်းရှောင်နေရတဲ့ ဒေသကတော့ ဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်နဲ့ စစ်ကိုင်းတိုင်းဖြစ်ပြီး သူ့နောက်မှာတော့ မကွေးတိုင်းက ဒုတိယအများဆုံးဖြစ်ကာ ကယားပြည်နယ်ကတော့ တတိယအများဆုံး ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက် ၂ ဒသမ ၇ သန်းထက်မနည်း တိုးလာခဲ့ကာ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်ကတော့ ၄၉၇,၂၀၀ ယောက်ထက်မနည်း ရှိခဲ့တာကြောင့် ကာလနှစ်ရပ်ပေါင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်စုစုပေါင်းကတော့ ၃ သန်းကျော် ရှိလာ နေတာပါ။

ဒါ့အပြင် ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည် ၁ သန်းထက်မနည်းဟာလည်း နယ်စပ် ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေအနေနဲ့ ရှိနေတယ်လို့ ISP Myanmar က ပြော ပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေထဲက ၁၆ မြို့နယ်မှာလည်း စစ်ပြေးဒုက္ခသည်တွေ တိုးလာခဲ့ကာ အခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၂၀ ရက် အတွင်း အဲ့ဒီမြို့နယ်တွေမှာ စစ်ပြေးဒုက္ခသည် ၃ သိန်းခွဲကျော် တိုးလာခဲ့ပြီး အဲ့ဒီ အထဲက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်း ၂ သောင်းကျော်နဲ့ အများဆုံး တိုးလာခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013