DVB Logo
Home
မြန်မာသတင်း
“ကန့်ဘလူအကြွေး” ကမ်ပိန်းမှ ၁၄ ရက်အတွင်း ကျပ်သိန်း ၅၃၀၀ ကျော် ရရှိ
DVB
·
May 2, 2023
“ကန့်ဘလူအကြွေး” ကမ်ပိန်းမှ ၁၄ ရက်အတွင်း ကျပ်သိန်း ၅၃၀၀ ကျော် ရရှိ
Donate to DVB

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေတဲ့ မင်းသား အကယ်ဒမီ မင်းမော်ကွန်း ဦးဆောင်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်းဟာ ပြီးဆုံးသွားပြီး အချိန် ၁၄ ရက်အတွင်းမှာ ငွေကျပ်သိန်း ၅,၃၀၀ ကျော် ရန်ပုံငွေရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“တကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာပြည်ဖွားတွေရဲ့... တညီတညွတ်တည်း ပါဝင်အားဖြည့်မှုနဲ့ ကန့်ဘလူအကြွေး ကမ်ပိန်းပြီးဆုံးပါပြီ။ ကန့်ဘလူအပါအဝင် တနိုင်ငံလုံးက လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ပြည်သူတွေအားလုံးရဲ့အကြွေးကို ပြန်ယူဖို့အတွက် ကျပ်သိန်း ပေါင်း ၅,၃၃၃ ခန့်ကို ၁၄ ရက်အတွင်း ရရှိခဲ့ပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်။ ကျန်ရှိ နေသေးတဲ့အစီအစဉ်တွေကို ဆက်လက် ကြိုးစားဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို Mi35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး သူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ အယောက် ၁၇၀ နီးပါးထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ အပါအဝင် အနီးနားက သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ် ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကတော့ ၂ နှစ်ကျော်ကာလတွေအတွင်း ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ မသန်စွမ်းတွေပါမချန် အပြစ်မဲ့ပြည်သူတွေကို နိုင်ငံတဝန်း မြေပြင်ကရော လေကြောင်းကပါ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုမြောက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာကထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013