
တပ်သိမ်းမြေဧက ၂ သိန်းကျော် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားလိုက်ပါတယ်။
ဇွန်လ ၂၄ရက်ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်ထဲ ကိုယ်စားလှယ်တဦးရဲ့ တပ်သိမ်းမြေကိစ္စတခု ဖြေကြားရင်း သူက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတ၀န်း စစ်တပ်ကသိမ်းထားတဲ့မြေတွေကို အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်နေတယ်။ အကြောင်းအရင်း ခိုင်မာတဲ့မြေတွေကို ပြန်မပေးတာ၊ တစိတ်တဒေသ ပြန်ပေးတာနဲ့ အပြီးအပိုင် ပြန်ပေးလိုက်တာတို့ဖြစ်ပြီး တပ်သိမ်းမြေတွေကို ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် ပြန်ပေးနေတာလို့လည်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသွားပါတယ်။
လွှတ်တော်လယ်ယာမြေ စိစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာတွေအရ တနိုင်ငံလုံး တပ်သိမ်းမြေဧကပေါင်း ၃ သိန်းကျော် ရှိပါတယ်။










