DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် NUG ဒုဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး
DVB
·
April 30, 2023
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် NUG ဒုဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  The Elders အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ  မစ္စတာ ဘန်ကီမွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေး ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့  ဧပြီလ ၂၇ ရက် က အွန်လိုင်းမှတဆင့် မြန်မာအရေးဆွေးနွေးခဲ့တယ်လို့ NUG က  ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လမ်းကြောင်းရှာဖွေမှု အရေးပါကြောင်းနဲ့ ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုကိုရရှိရေးမှာ အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် အစုအဖွဲ့အားလုံးရဲ့ အခန်းကဏ္ဍ အရေးပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကလည်း ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ရည်ရွယ်ချက်မှန်ကန် ကောင်းမွန်ပေမဲ့ စစ်ကောင်စီက ဒီခရီးစဉ်ကို သူတို့ရဲ့အကျိုးအတွက် အသုံးချဖို့ ကြိုးပမ်းမှာကို စိုးရိမ်ကြောင်း ဘန်ကီမွန်းကို ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မယ်ဆိုပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့၊ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိသလို ကျင်းပမယ်ဆိုရင်  မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ တိုင်းရင်းသား အဖွဲ့အားလုံးက လက်ခံနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရသာ ကျင်းပရမယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ 

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တို့ကို လိုက်နာဖို့ ပျက်ကွက်တဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုက်အဝန်းက ပိုမို  ဝိုင်းဝန်း ဖိအားပေး အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားဖို့လည်း The Elders အဖွဲ့ဒုခေါင်းဆောင် နဲ့ NUG တို့ သဘောတူညီမှုရခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ အဖွဲ့ဟာ ဧပြီ ၂၃ နဲ့ ၂၄ ရက်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှဉ်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတာဖြစ်တယ်လို့  ပြီးခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013