DVB Logo
Home
နိုင်ငံရေး
တပ်မတော်နေ့ကို တော်လှန်ရေးနေ့ဟု ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိ
DVB
·
June 24, 2014
တပ်မတော်နေ့ကို တော်လှန်ရေးနေ့ဟု ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိ
Donate to DVB

မတ်လ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ ဟု ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ အစိုးရက လွတ်တော်ကိုယ်စားလှယ် အမေးကို ဖြေကြားခဲ့ပါတယ်။

[caption id="attachment_23170" align="alignright" width="300"]၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ရိုက်တာ) ၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ရိုက်တာ)[/caption]ဇွန်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ပုသိမ်မဲဆန္ဒနယ် က ဦးဝင်းမြင့် က မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့လို့ သတ်မှတ်ထားတာကို တော်လှန်ရေးနေ့လို့ ပြန်လည်သတ်မှတ်ပေး ဖို့  အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ပါတယ်။

သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် က မြန်မာပြည်သူ လူထုအပေါ် လူမဆန်စွာ ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်ဂျပန်ကို လူထုကို ဦးဆောင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မတ်လ၂၇ ရက်နေ့ကို တပ်မတော်နေ့လို့ သတ်မှတ်ထားတာမို့ တော်လှန်ရေးနေ့လို့ ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်မရှိပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ကို ပါလီမိန်ဒီမိုကရေစီခေတ် နဲ့ ဆိုရှယ်လစ်ခေတ်တွေမှာ တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ပြီး ၁၉ ၈၈ စစ်တပ်က အာဏာသိမ်းပီးနောက်မှာ တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲကျင်းပလာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013