DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ပြစ်ဒဏ်လျော့ကျနိုင်ဖွယ်ရှိ
DVB
·
June 24, 2014
ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ပြစ်ဒဏ်လျော့ကျနိုင်ဖွယ်ရှိ
Donate to DVB

သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့  ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ ဟာ တရားရုံးကစွဲဆို ထားတဲ့ အမှုတွေကနေ  ပြစ်ဒဏ်လျှော့ကျသွားနိုင်ဖို့ များတယ်လို့ သူ့ရဲ့ရှေ့နေ ဦးသိန်းထွန်း ကပြောပါတယ်။

Zaw Pe၀တ္တရားနှောက်ယှက်မှု ပိုင်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲဆိုထောင်ချ ခံထားရတဲ့  ဒီဗွီဘီ သတင်းထောက်ကိုဇော်ဖေ အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မှာ  မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးမှာ  အယူခံဝင်ခဲ့တာဖြစ်ပါတယ်။

ကိုဇော်ဖေဘက်က ပိုင်နက်ကျူးလွန်မှုတွေ ၀တ္တရားနှောက်ယှက်မှုတွေ မရှိကြောင်း ဒီနေ့မှာ   ပိုင်ပိုင်နိုင်နိုင် ထုချေနိုင်ခဲ့တယ်လို့   ရှေ့နေ ဦးသိန်းထွန်းကခုလိုဆိုပါတယ်။

“နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်က သုံးသပ်လိုက်တာ ဘာလဲဆိုတော့ ကိုဝင်းမြင့်လှိုင်က သူ့သမီး ဂျပန်နိုင်ငံ ဖောင်ဒေးရှင်းတခုကပေးတဲ့ ပညာသင်ဆု ပရောဂျက် အတွက် လာသတင်းမေးတာကို ကျနော်တို့က သက်သေပြမယ်။ နောက် ကိုဇော်ဖေ ကလည်း အများပြည်သူအတွက် သတင်းယူတာ ဟုတ်မဟုတ် သက်သေပြမယ်။ သူပြောတဲ့အတွင်း ကျနော်တို့က ဒီဟာတွေကို သက်သေပြနိုင်တယ်။ ကျနော်တို့ဘက်က တိုင်းပညာရေးမှူးကို ရောက်တဲ့အခြေအနေသည် ရိုးရိုးသားသားနဲ့ ရောက်တယ်ဆိုတာ ဒါတွေကို သက်သေ အခိုင်အလုံ ပြနိုင်တယ်။ ဥပဒေ စကားနဲ့ပြောရင် တရားခံဘက်က ခိုင်ခိုင်လုံလုံ ထုချေနိုင်ခဲ့တဲ့ အချက်တွေ ပေါ်တယ်ပေါ့လေ။”

ခုလိုမျိုး သက်သေအထောက်အထားတွေနဲ့ ထုချေနိုင်ခဲ့တဲ့အတွက် ဥပဒေအမြင်အရ ပြစ်ဒဏ် လျှော့သွားတာမျိုး ဖြစ်လာနိုင်ပြီး  ပြန်လွတ်လာနိုင်တဲ့ အထိမျှော်လင့်လို့ရတယ်လို့ ရှေ့နေ ဦးသိန်းထွန်းက ဆိုပါတယ်။

“ကျနော်တို့ ဥပဒေအမြင်ကတော့ ဒါ ဥပဒေအချက်အလက်တွေနဲ့ ဆက်ဟပ်ပြီးတော့ အဖြေထုတ်လိုက်ရင် အနည်းဆုံးတော့ လျော့သွားမယ်။ ကျနော်တို့က တဖက်ကို ဆဲဆိုတာ ကြိမ်းမောင်းတာ ဘာမှ မပါဘူး။ အကြမ်းဖက်တာ၊ သူတို့ကို အနှောက်အယှက် လုပ်တာ မပါဘူး။ သူတို့ ထိုင်ပြီး တာဝန်ဝတ္တရားတွေ ဆောင်ရွက်နေတာကို ၀င်လုပ်တာ မပါဘူး။ ကျနော်တို့ဘာသာ ကိုဝင်းမြင့်လှိုင်ကို ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်တာကို သူတို့က အရိုက်မခံချင်လို့ ရှောင်ထွက်သွားတာဆိုတော့ ၀တ္တရားနှောင့်ယှက်တာ မပါလို့ လွှတ်နိုင်တဲ့ အခြေအနေအထိ မျှော်လင့်လို့ရတယ်လို့ ဒီလိုပဲ တွက်တယ်ပေါ့။”

ကိုဇော်ဖေ အမျိုးသမီး မမိုးမိုးကတော့ ကိုဇော်ဖေဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးလည်း ကောင်းမွန်စွာရှိနေပြီး မိသားးစုအတွက်တော့ အမျိုးသားမရှိတော့တဲ့အတွက် မလုံခြုံသလို ခံစားရကြောင်းြောပါတယ်။

“ကျန်းမာရေးကတော့ ကောင်းပါတယ်။ နေရထိုင်ရကို အဆင်ပြေအောင် လုပ်ထားတာပေါ့။ အမျိုးသားမရှိတော့ နေရတာတော့ မလုံခြုံဘူးပေါ့နော်။ သားအမိ ၂ ယောက်ထဲ နေရတာဆိုတော့။”

ကိုဇော်ဖေနဲ့ မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းထဲ ကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013