DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ
DVB
·
April 30, 2023
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်က ဆောက်လုပ်ရေးခွင်ထဲမှာ အထောက်အထားမဲ့  မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းသတင်းဌာနက ဖော်ပြထားပါတယ်။

စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီဒေသကတံတားအနီးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် ထိုင်းလဝကနဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂၃ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဘန်ဖလီဒေသလဝက ရဲမှူးကြီးကိုယ်တိုင်ဦးဆောင် စစ်ဆေးရာမှာ အလုပ်သမားအများအပြား ထွက်ပြေးသွားခဲ့ကြပြီး ဖမ်းဆီးမိသူတွေမှာ အလုပ်လုပ်ကိုင်ခွင့်အထောက်အထား တစုံတရာမတွေ့ရှိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စစ်ဆေးချက်အရ အဲဒီလုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင်ဟာ တရုတ်နိုင်ငံသား အလည်အပတ်ဗီဇာနဲ့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားအယောက်ဆောင်က အလုပ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသားတို့ကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ ဘန်ဖလီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဖက်တလုန်းခရိုင်နဲ့ ကန်ချနာပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး တပတ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ လောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013