DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မည်
DVB
·
June 24, 2014
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မည်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်သမ္မတ ရှီကျင့်ပင်းရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ကို ဇွန်လ ၂၇ ရက်နေ့ကနေ ၃၀ ထိ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

china-myanmar flagသမ္မတဦးသိန်းစိန်ဟာ ပေကျင်းမြို့မှာ ကျင်းပမယ့် မြန်မာတရုတ်- အိန္ဒိယနိုင်ငံတို့မှ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် နှစ် ၆၀ ပြည့် အခမ်းအနားကို အန္ဒိယ ဒုသမ္မတ ရှရီ မိုဟာမက်ဒ်ဟာမစ် အန်ဆာရီနဲ့အတူ တက်ရောက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ အလွန်အရေးပါတဲ့ခရီးစဉ် ဖြစ်တဲ့အကြောင်း နှစ်နိုင်ငံဟာ အစဉ်အလာအားဖြင့် အိမ်နီးချင်းကောင်းတွေဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ပေါ် အခြေခံလို့ ချစ်ကြည်ရင်းနီးတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဌာန တာဝန်ရှိသူက နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့တော့ ဒါဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း ၃ ကြိမ်မြာက် တရုတ်ပြည်ခရီးစဉ်လည်းဖြစ်ပြီး ဟီနန်ပြည်နယ်ကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

မြန်မာ အစိုးရပြန်ကြားရေးဌာနကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ဇနီး ဒေါ်ခင်ခင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မကြာမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013