DVB Logo
Home
မြန်မာသတင်း
မကွေးတောင်သူများပိုင် ယာမြေများကို စစ်ကောင်စီဗိုလ်မှူးတဦးက အဓမ္မသိမ်းယူ
DVB
·
April 29, 2023
မကွေးတောင်သူများပိုင် ယာမြေများကို စစ်ကောင်စီဗိုလ်မှူးတဦးက အဓမ္မသိမ်းယူ
Donate to DVB

မကွေးမြို့နယ် မှာ တောင်သူတွေ ပိုင်ဆိုင်တဲ့ ယာမြေတွေကို စစ်ကောင်စီရဲ တပ်မ(၈၈)က ဗိုလ်မှူးတယောက်က အာဏာသုံး ခြိမ်းခြောက်ပြီး အတင်းအဓမ္မသိမ်းယူနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

မကွေးမြို့နယ် ထုံးပေါက်တော ကျေးရွာအုပ်စု ကန်ရွာလေးရွာက တောင်သူ ၅ ယောက်ပိုင်ဆိုင်တဲ့ ယာ​မြေ ၇ ဧကကျော်ကို တပ်မ(၈၈)က ဗိုလ်မှူးစိုမိုးထွန်းက မြိုနယ်၊ ရပ်ကျေး လယ်စီအဖွဲ့တွေနဲ့ ပူးပေါင်းကာ အာဏာသုံးခြိမ်းခြောက်ကာ အတင်း အဓမ္မသိမ်းပိုက်ပြီး အုတ်တံတိုင်း ခြံစည်းရိုးတွေ ကာရံနေတယ်လို့ ဒေသခံတောင်သူတယောက်က ပြောပါတယ်။

အဲဒီယာမြေတွေဟာ အခြေခံကျန်းမာရေးတက္ကသိုလ်နဲ့ မြို့ရှောင်လမ်းကြား လမ်ဘေးဝဲယာတွေမှာ တည်ရှိပြီး အိမ်ဝိုင်း​မြေကွက်ရိုက်ကာ ရောင်စားရင်တောင် တဧကကို သိန်း ၃၀၀၀ ကျော်လောက် ပေါက်စျေးရှိတယ်လို့ ဆိုပါတယ်။

ယာခင်း ပိုင်ရှင်တောင်သူတွေက သူတို့ ပိုင်ဆိုင်ကြောင်း ပုံစံ(၇) အထောက်ထားတွေနဲ့ ရွာခွဲ တာဝန်ခံလူကြီးတွေကို ခေါ်ယူကာ သွားရောက်တားမြစ်တော့ ဗိုလ်မှူးစိုးမိုးထွန်းက "မကွေးထောင်ထဲမှာ အချုပ်ခန်းအလွတ်တွေအများကြီးရှိတယ်၊ အကုန်ဆွဲ ဖမ်းပစ်မယ် ဘာမှတ်နေလဲ။ ခင်များလည်း အသက်ကြီးနေလို့ ဒီတခါခွင့်လွှတ်လိုက်မယ်၊ နောက်တခါ ကျုပ်ခိုင်းထားတဲ့ အလုပ်သမားတွေကို လာတားရင် ကျုပ်ဘာကောင်ဆိုတာ ခင်များ တို့သိစေရမယ်" ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ယာခင်းပိုင်ရှင် တောင်သူက ပြောပါတယ်။

“အခု ကျနော်တို့မှာ လက်ရှိကနေ လက်မဲ့ဘဝကိုရောက်သွားပြီ။ သူတို့က အုတ်တံတိုင်း တွေလည်း ခတ်နေပြီး အုတ်တွေလည်းပုံထားတယ်။ ကျနော်တို့က ကြောက်တော့ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘူး” လို့ တောင်သူက ပြောပါတယ်။

ထုံးပေါက်တောလယ်စီကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကောက်ကြီး(ခေါ်)ဦးထွန်း ဇံကလည်း စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး  အာဏာနဲ့ အနိုင်ကျင့်ဗိုလ်ကျကာ နှစ်ပေါင်း လေးငါးဆယ်လောက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) ထွက်ပြီးသားယာမြေတွေကို အိမ်ဝိုင်းမြေကွက်ရိုက်ပြီး ရောင်းစားနေတယ်လို့ ယာခင်းပိုင်ရှင်က ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ထုံးပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013