DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို အမေရိကန်ဝန်ကြီး မေးမြန်းလေ့လာ
DVB
·
June 24, 2014
၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို  အမေရိကန်ဝန်ကြီး မေးမြန်းလေ့လာ
Donate to DVB

မြန်မာ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမား ရေးရာ ဆိုင်ရာ လက်ထောက် ၀န်ကြီး တွမ်မာလီနောင်စကီး ဦးဆောင်တဲ့ ကိုယ် စားလှယ် အဖွဲ့ဟာ ၂၀၁၅ ရွေးကောက်ပွဲဟာတရားမျှတမှုရှိနိုင်မရှိနိုင်၊ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အပေါ် သဘောထား စတဲ့ ကိစ္စရပ်တွေကို ကရင်ပြည်နယ် ဘားအံမှာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။

tom-malinowski-44451154ဇွန် ၂၃ ရက်နေ့ ညနေပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တခြားနိုင်ငံရေး ပါတီတွေနဲ့ ကရင်ပြည်နယ် ဘားအံမှာ တွေ့ဆုံရာမှာ အခုလို မေးမြန်းခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“သူတို့ မေးတဲ့ မေးခွန်းတွေက ကောင်းပါတယ်။ လူထုက ဘယ်လိုပါတီမျိုးကို ထိပ်ဆုံး စိတ်ဝင်စားမယ် ထင်သလဲ။ အဲဒီလို မေးတော့မှ အန်တီတို့လည်း ပြန်စဉ်းစား ထားရမယ်။ နောက်ပြီးတော့ သူတို့က ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်လားတဲ့...။ ရွေးကောက်ပွဲ ကော်မရှင်က တဖက်စောင်းနင်းပြောနေတာတောင်မှ အန်တီတို့ ဒေသက လူတွေက ဒါကို လက်ခံပါတယ်။ မျှတပါတယ်ဆိုတော့ နိုင်ငံခြားသားတွေတော့ ဘယ်လို သုံးသပ်သလဲတော့ မသိဘူး။ အဲဒီလို မျိုးရှိတယ်ဆိုတာ သိရတော့ ဒေသခံတိုင်းရင်းသားတွေပဲ ရိုးတာလား ဒါမှမဟုတ်ရင် သူတို့ကို ဟိုဘက်ကလူတွေ စည်းရုံးမှုတွေ လွှမ်းမိုးနေတာလား။ မမျှတတာကို မြင်မြင်ကြီးနဲ့ မျှတပါတယ်လို့ ပြောနေတော့ ကိုယ်လည်း မပြောချင်တော့ဘူး။”

ဒီကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံဖို့ ရှိနေသလို ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ အခုကတည်းက ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ အပါအ၀င် ပါတီ ၄ ခုလောက် တက်ရောက်ခဲ့သလို့ ၀န်ကြီး တွမ်မာလီနောင်စကီးနဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လည်း လိုက်ပါလာတာဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီတွေကတော့ အစည်းအဝေးကို မတက်ရောက်ဘူးလို့ ဆိုပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေး နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနက အဆင့်မြင့် အရာရှိ တွေလဲ လိုက်ပါလာကြသလို မွန်ပြည်နယ် မော်လမြိုင်၊ ကရင်ပြည်နယ် ဘားအံ နေပြည်တော် တို့ကို ဇွန် ၂၂ ရက်ကနေ ၂၈ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာ စစ်တပ်အရာရှိတွေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို စေ့စပ်ညိနှိုင်းမှာ ဖြစ်သလို လူမှုရေးအဖွဲ့ အစည်းတွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ သူတို့ ဒေသခံနဲ့ မဲဆန္ဒနယ်က လူအသိုင်းအ၀န်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013