DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၄၅၀ ခန့်ရှိ၊ သေဒဏ်ချမှတ်ခံရသူ ၁၅၃ ဦး ထိရှိလာ
DVB
·
April 29, 2023
စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၄၅၀ ခန့်ရှိ၊ သေဒဏ်ချမှတ်ခံရသူ ၁၅၃ ဦး ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၄၇ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၆၃၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၂၆ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၇၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၉၀၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ငါးမူး ကျေးရွာနဲ့ ညောင်မွန်းကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေကို ဆေးကုသပေးနေတဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာက ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအဆောက်အဦး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013