DVB Logo
Home
မြန်မာသတင်း
ဂျပန်နွေဦးရုပ်ရှင်ပွဲတော်၌ မြန်မာ့နွေဦးတော်လှန်ရေး ရုပ်ရှင်ကားများ ပြသမည်
DVB
·
April 28, 2023
ဂျပန်နွေဦးရုပ်ရှင်ပွဲတော်၌ မြန်မာ့နွေဦးတော်လှန်ရေး ရုပ်ရှင်ကားများ ပြသမည်
1 / 10
Donate to DVB

ဂျပန်နိုင်ငံမှာ မေလအတွင်း ကျင်းပမယ့် နွေဦးရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦးတော်လှန်ရေး ကာလအတွင်းက တော်လှန်ရေးအကြောင်းတွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတို ၇ ခုကို ပြသသွားမယ်လို့ နွေဦးရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ (ဂျပန်နိုင်ငံ) ကနေ သိရပါတယ်။

နွေဦးတော်လှန်ရေး ရုပ်ရှင်ဇာတ်ကားတွေကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တစုတစည်းတည်း ကြည့်ရှုနိုင်ဖို့နဲ့ စုစည်းမှုအားကို ပြသချင်တဲ့အတွက် အခုလို ရုပ်ရှင်ကားတွေရဲ့ ဒါရိုက်တာတွေနဲ့ ချိတ်ဆက်ပြီး စီစဉ်ဖြစ်ခဲ့တာလို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံ စတယ်လာက ပြောပါတယ်။

“တော်လှန်ရေးဇာတ်ကားတွေကို တကားချင်းစီ ခွဲပြသရင် ပြည်သူတွေအနေနဲ့ အပတ်စဉ် မကြည့်ရှုနိုင်မှာ စိုးရိမ်တဲ့အတွက် စုစည်းမှုအားကောင်းကောင်းနဲ့ ပြသချင်တဲ့အတွက် အခုလို စီစဉ်လိုက်တာပါ။ ဦးဆောင်တာကတော့ ဂျပန်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ကော်မတီဖွဲ့ လုပ်ကြတာပါ။ kanto လို့ခေါ်တဲ့ တိုကျိုနဲ့ Kansai ဒေသမှာတော့ ၂ ရက် ပြသမှာဖြစ်ပြီး ကျန်ဒေသတွေကတော့ တရက်ပဲ ပြသမှာဖြစ်ပါတယ်။ မေလ ၆ ရက်နေ့ကနေ ၂၈ ရက်အထိ စနေ၊ တနင်္ဂနွေတွေမှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီအတွင်း ဒေသအသီးသီးမှာ ပြသသွားမှာပါ။”

တော်လှန်ရေးရုပ်ရှင်ဇာတ်ကားတွေကို လာမယ့် မေလ ၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဂျပန်နိုင်ငံက မြို့ကြီး ၇ မြို့မှာ ပြသသွားမှာပါ။

ရုပ်ရှင်ပြသရာက ရလာတဲ့ ငွေကြေးအကျိုးအမြတ်တွေကိုတော့ ဇာတ်ကားဖန်တီးသူတွေဆီ ပေးအပ်ပြီး တော်လှန်ရေးရန်ပုံငွေအတွက် ခွဲဝေသုံးစွဲသွားမှာဖြစ်တယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံက ဆက်ပြောပါတယ်။

“ဒီပွဲမှာ ဒေသအားလုံးက ရလာတဲ့ ထောက်ပို့ငွေအားလုံးကို ဇာတ်ကားဖန်တီးသူတွေဆီကိုပဲ အပ်နှံပြီး ဖန်တီးသူတို့ စိတ်တိုင်းကျ တော်လှန်ရေးမှာ အသုံးပြုသွားမှာပါ။ ဒီပွဲရဲ့ ထူးခြားချက်အနေနဲ့ကတော့ အခုလို စုပေါင်းပြသတာ ဂျပန်က ပထမဆုံးပါပဲ။ နာမည်ကြီးဒါရိုက်တာ၊ ရဲဘော် စသဖြင့် ခွဲထားတာမရှိဘဲ စုပေါင်းပြသတဲ့အတွက် စုစည်းမှု အင်အားကို ပြသနိုင်တာ အမြတ်ပါ။ နောက်ပြီး တကားချင်းစီက ရတဲ့ ရရှိငွေက နည်းသွားတာမျိုးမဟုတ်ဘဲ တော်လှန်ရေးထဲကိုပဲ ခွဲဝေစီးဆင်းသွားတာမို့ ဝင်ငွေနည်းသွားတာမျိုးလည်း မရှိပါဘူး။”

ပါဝင်ပြသမယ့် ရုပ်ရှင်ကားတွေကတော့ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးထားတဲ့ မြို့ပြပြောက်ကျား၊ ဒါရိုက်တာ မိုးသစ်စက်ထွန်း ရိုက်ကူးထားတဲ့ အမတနှင်းဆီ၊ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကို ပုံဖော်ပြီး ဒေါနစစ်ကြောင်းရဲ့ တပ်စုမှူး တိုက်မောင်း ရိုက်ကူးထားတဲ့ ဖိုးမောင်ပြန်လာပြီ၊ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ်တို့ ပုံဖော်ထားတဲ့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်၊ ဒါရိုက်တာ ဂိဒေါင် ရိုက်ကူးထားတဲ့ ရှိခဲ့သည်၊ ဒေါန Cafe ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန်ကို ပုံဖော်ထားတဲ့ ပြန်တမ်းရုပ်ရှင်နဲ့ ကျားသစ်နက်စစ်ကြောင်းက ရဲဘော်တွေ ပုံဖော်ရိုက်ကူးထားတဲ့ ဆုလာဘ် တို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ပြသရာမှာ လက်မှတ်ဈေးတွေကို session တွေနဲ့ သတ်မှတ်ထားပြီး session တခုကို ယန်း ၃,၀၀၀ နဲ့ တရက်လုံးစာကို ယန်း ၅,၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရုပ်ရှင်ပြသမယ့်နေရာတွေမှာ အမှတ်တရပစ္စည်းတွေနဲ့ မြန်မာ့ရိုးရာ အစားအသောက်တွေကိုလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013