DVB Logo
Home
မြန်မာသတင်း
ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေဆုံးဟု KNDF ထုတ်ပြန်
DVB
·
April 28, 2023
ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေဆုံးဟု KNDF ထုတ်ပြန်
1 / 6
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့အစပ်မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကနေ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီ ၂၄ ရက်နဲ့ ၂၆ ရက်နေ့က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ KNDF က ဧပြီ ၂၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဧပြီ ၂၄ ရက်က ကရင်နီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ် ၁၂ လက် သိမ်းဆည်းရမိခဲ့သလို ဆက်သွယ်ရေးစက်နဲ့ ခဲယမ်းမီးကျောက်၊ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ ဧပြီ ၂၆ ရက် မနက်ပိုင်းကလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀ တပ်ရင်းတပ်ဖွဲ့တွေကို ကရင်နီ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် ၁၀ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ လက်နက်ကြီး လက်နက်ငယ် ၁၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း KNDF တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လဆန်းပိုင်းကစပြီး ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအသုံးပြု ပစ်ခတ်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရပ်သားပြည်သူတွေရဲ့ ဆေးရုံဆေးခန်းအပြင် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

မနေ့ညက ဒီးမော့ဆိုအနောက်ခြမ်းက PDF နေရာတခု လေကြောင်းတိုက်ခိုက်ခံရလို့ စခန်းအဆောက်အဦတွေ ပျက်စီးကာ တော်လှန်ရေးရဲဘော်တယောက် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာလည်း ရှမ်း-ကယားနယ်စပ်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013