DVB Logo
Home
မြန်မာသတင်း
၉ တန်းနှင့် ၁၀ တန်း နှစ်ကျကျောင်းသားများ စနစ်သစ်အတန်းအတွက် ဝင်ခွင့်ဖြေရမည်
DVB
·
April 28, 2023
၉ တန်းနှင့် ၁၀ တန်း နှစ်ကျကျောင်းသားများ စနစ်သစ်အတန်းအတွက် ဝင်ခွင့်ဖြေရမည်
Donate to DVB

၂၀၂၂-၂၃ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူတွေနဲ့ စနစ်ဟောင်း ၉ တန်း (Grade 10) နှစ်ကျကျောင်းသားတွေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူတွေအနေနဲ့ စနစ်သစ် Grade-11 နဲ့ Grade - 12 ကို တက်ရောက်လိုပါက ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမယ်လို့ စစ်ကောင်စီပညာရေးဌာနကနေ သိရပါတယ်။

အဆိုပါ ဝင်ခွင့်စာမေးပွဲကို မေလ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ၉ တန်း (Grade 10) အဖြစ် ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဝင်ခွင့်အောင်မြင်ရင် Grade 11 ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး ဆယ်တန်းအဆင့်ကနေ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေက ဝင်ခွင့်အောင်မြင်ရင် Grade-12 ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဝင်ခွင့်ဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေက လျှောက်လွှာလက်ခံပေးနေပြီး အခုရက်ပိုင်းအတွင်း အမြန်ဆုံး လျှောက်ထားမှသာ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ရမယ်လို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်ကတော့ အခြေခံပညာစာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ပြီးပါက ၉ တန်း ကျရှုံးထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မဖြေဆိုလိုက်ရသူတွေအတွက် မေလထဲမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေပြီး ဆယ်တန်းကို တက်ရောက်စေခဲ့ပါတယ်။

အခုနှစ်မှာတော့ စနစ်သစ်ပညာရေးဖြစ်တဲ့ KG+12 ကို စတင်တော့မှာဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုလိုက်ရသူတွေအတွက် Grade-12 ကို တက်ရောက်နိုင်ဖို့အတွက် ဝင်ခွင့်စာမေးပွဲတခု ထပ်တိုးပြီး ဖြေဆိုစေတာလည်း ဖြစ်ပါတယ်။

၂၀၂၂-၂၃ ပညာသင်နှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော် တက်ရောက်ခဲ့ပြီးတော့ ခါတိုင်းနှစ်တွေထက် ကျောင်းသားကျောင်းသူ ၃ သန်းကျော် ကျောင်းမတက်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013