DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ Teletalk ဆင်းမ်ကတ်သာအသုံးပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရကန့်သတ်
DVB
·
April 28, 2023
ရိုဟင်ဂျာဒုက္ခသည်များ Teletalk  ဆင်းမ်ကတ်သာအသုံးပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရကန့်သတ်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အစိုးရပိုင် မိုဘိုင်းအော်ပရေတာ Teletalk အနေနဲ့ မိသားစုတစ်စုကို ဆင်းမ်ကတ်တစ်ခုနှုန်း ထုတ်ပေးသွားမှာ ဖြစ်ပြီး တခြားမိုဘိုင်းအော်ပရေတာ ဆင်းမ်ကတ်တွေအသုံးပြုတာကိုတော့ ကန့်သတ်သွားမယ်လို့ ဒေသတွင်းမီဒီယာများမှာဖော်ပြထားပါတယ်။ 

Teletalk ဆင်းမ်ကတ်တွေကို ရိက္ခာကတ် သို့မဟုတ် မိသားစုရေတွက်ခြင်းနံပါတ် (FCN) များမှတဆင့် ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့မိသားစုတွေ၊ တခြားနိုင်ငံမှာရောက်နေကြ တဲ့ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ် မိုဘိုင်းအော်ပရေတာတွေအပြင် မြန်မာမိုဘိုင်းလ်ဖုန်းလိုင်းတချို့နေရာမှာမိတာကြောင့် မြန်မာဆင်းမ်ကတ်ကိုပါ အသုံးပြုနေကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒီလိုသုံးစွဲနေမှုတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး တရားမဝင်လုပ်ငန်းတွေကိုလုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ပြည်ပအော်ပရေတာဆင်းမ်ကတ်တွေကိုအသုံးပြုတာကြောင့် မသမာသူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်စေတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်ရဲ့ မိုဘိုင်းလ်ဖုန်းကွန်ရက်တစ်ခုအောက်မှာ ထားရှိစေပြီး မြန်မာဆင်းမ်ကတ်တွေအသုံးပြုခြင်းကို တားမြစ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013