DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၄၄၄ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၁၅၆၀ ကျော်ထိ ရှိလာ
DVB
·
April 28, 2023
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၄၄၄ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၁၅၆၀ ကျော်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၄၄ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၅၆၆ ယောက် ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေ ဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၆၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၆၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၀ ယောက် ရှိနေပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၉၀၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာက ကိုထက်ပိုင် (ခ) မောင်တာ၊ ကိုဌေးလှိုင်၊ ကိုဇော်မျိုးထက် (ခ) ပါထော်နဲ့ သပြေသာလေးကျေးရွာက ကိုတိုက်ညွန့်တို့ ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၅ တရက်တည်းမှာပဲ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာချိန် ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသူ ၂ ယောက်ဟာ ရွှေလှေကျေးရွာ တံတားထိပ်မှာ စစ်အုပ်စုတပ်နဲ့ တိုးကာ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းနောင်ဟာ သေနတ်ကျည်ထိမှန်ပြီးနောက် လဲကျနေချိန်မှာ စစ်သားတွေက သူ့ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးပြီးတော့ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ကိုဝင်းနောင်နဲ့အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသူ အမျိုးသားတယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013