DVB Logo
Home
မြန်မာသတင်း
ပီအာစနစ်ကို တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးဖို့ အန်ဒီအက်ဖ် ပါတီလိုလား
DVB
·
June 23, 2014
ပီအာစနစ်ကို  တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးဖို့  အန်ဒီအက်ဖ် ပါတီလိုလား
Donate to DVB

သဘောထားကွဲလွဲမှုတွေရှိနေတဲ့ အချိုးကျကိုယ်စားပြု (ပီအာ) စနစ်အသုံးပြုဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်တွေမပါပဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးရေးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီ က ဒီနေ့ပဲ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ndfနောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲအများစုရသူ အနိုင်ရစနစ်ကနေ ပီအာခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲဖို့ လွှတ်တော်မှာ ဦးဆောင် အဆိုတင်သွင်းခဲ့တဲ့ အန်ဒီအက်ဖ် ပါတီ က ခုလို သဘောထားထုတ်ပြန်လိုက်တာပါ။

တစ်ပါတီတည်း ကြီးစိုးနေတဲ့ စနစ်ကို မကြိုက်လို့ ပီအာ စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ရည်ရွယ်တယ်လို့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ပါတီကြီးဝါဒနဲ့ တစ်ပါတီတည်းကြီးစိုးတဲ့ စနစ်ကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ လွှတ်တော်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြီးစိုးနေလို့ တချို့ ပြည်သူ လူထုကို အကျိုးပြုမယ့် ဥပဒေတွေကို ပြတ်ပြတ်သားသားနဲ့ မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တာ မတွေ့ရဘူး။ ထို့အတူ အစိုးရအဖွဲ့ကလည်းပဲ ပြည်သူလူထုတွေကို အကာအကွယ်ပေးမယ့် ပြည်သူလူထုရဲ့အကျိုးတွေ ဆုံးရှူံးနေတာကို ပြန်လည်ပြီးတော့ ရယူပေးမယ့် ဥပဒေတွေကို တင်သွင်းခြင်းလည်း မတွေ့ရပါဘူး။ အများစုပေါ့။ အဲတော့ ပီအာ စနစ်ကျင့်သုံးလို့ရှိရင် တစ်ပါတီတည်း ကြီးစိုးတာကို ဖယ်ပြီးတော့ ပါတီပေါင်းစုံနဲ့ လွှတ်တော်ထဲကို ရောက်မယ်။ ဒီမိုကရေစီ အင်အားစုတွေ အများကြီးရောက်လာမယ်ဆိုရင်ောတ့ အပြောင်းအလဲကို ဦးဆောင်နိုင်မယ်ဆိုတဲ့ သဘောနဲ့ ပြောတာပါ။”

အန်ဒီအက်ဖ် ပါတီ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က အခုဇွန်လဆန်းပိုင်းက အမျိုးသား လွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် ပီအာကျင့်သုံးရေး အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလို့ ပီအာစနစ် ကျင့်သုံးအကောင်အထည်ဖော်ဖို့ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒီအဆို တင်သွင်းခဲ့တဲ့ အမတ် ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်း စောင်းမြောင်း ပြောဆိုတာတွေ ရှိတယ်လို့ အန်ဒီအက်ဖ် ပါတီရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အန်ဒီအက်ဖ်ပါတီအနေနဲ့ အမျိုးသားလွှတ်တော်မှာသာမက ပြည်သူ့လွှတ်တော်မှာပါ ပီအာစနစ် ကျင့်သုံးရေးအဆိုကို ထပ်မံတင်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပုစွန်တောင်မြို့နယ် အန်ဒီအက်ဖ်အမတ် ဦးအောင်ဇင်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြည်သူ့လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးခွင့်ရဖို့ တင်ထားပြီး ဆွေးနွေးခွင့်မရသေးလို့ စောင့်နေတာ ပါလို့ ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

အချိုးပြုစနစ်ကို ၂၀၁၂ ခုနှစ်ကပဲ အန်ဒီအက်ဖ်ပါတီက လွှတ်တော်ကို တင်သွင်းခဲ့ဖူးပေမယ့် ဆွေးနွေးဖို့ မသင့်သေးဘူး ဆိုပြီး ပြည်သူ့လွှတ်တော်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တွေရော တပ်မတော်တား ကိုယ်စားလှယ်တွေ ကပါ လက်ရှိ အခြေအနေနဲ့ သင့်တော်ခြင်းမရှိဘူးဆိုပြီး ပီအာစနစ်ကို မထောက်ခံတဲ့အပြင် ရခိုင်နဲ့ ရှမ်း အပါအ၀င် ညီနောင်တိုင်းရင်းသားပါတီ တွေလည်း ကန့်ကွက်ထားတာဖြစ်ပါတယ်။

အန်ဒီအက်ဖ်ပါတီကတော့ ပီအာစနစ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက်တခုအဖြစ် ရှုမြင်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013