DVB Logo
Home
မြန်မာသတင်း
အိမ်နီးချင်းနိုင်ငံတွင် မစားသုံးသည့် ကြက်ကလီစာတွေ ပြည်တွင်းကို ၀င်ရောက်
DVB
·
June 23, 2014
အိမ်နီးချင်းနိုင်ငံတွင် မစားသုံးသည့် ကြက်ကလီစာတွေ ပြည်တွင်းကို ၀င်ရောက်
Donate to DVB

အိမ်နီးချင်းနိုင်ငံတွေကနေ အရည်အသွေးမကောင်းတဲ့ ပုစွန်ဖြူတွေနဲ့ ကြက်ကလီစာတွေ မြန်မာပြည်ဈေးကွက်ထဲကို တရားမ၀င် ၀င်ရောက်မှုတွေ ရှိတယ်လို့ တရားမ၀င်မှောင်ခို ကာကွယ်တားဆီးရေးအဖွဲ့ (Mobile Team) က ပြောပါတယ်။

Chicken-gibletsအရည်အသွးနိမ့် ပုစွန်ဖြူတွေ ပုစွန်ပျော့တွေဟာ ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င် လမ်းကြောင်း တွေက ရောက်ရှိလာတာဖြစ်ပြီး ကြည့်မြင်တိုင် ငါးဈေးအတွင်းမှာရောင်းချနေ တာဖြစ်တယ်လို့ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမ၀င် မှောင်ခိုကာကွယ်တားဆီးရေးအဖွဲ့က ပြောပါတယ်။

ပုစွန်အမျိုးအစားပေါ် မူတည်ပြီး ၁ ပိဿာ ကို ကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ရောင်းချ နေတာပါ။ အဲ့ဒီ ပုစွန်တွေဟာ ကော့သောင်းဘက်ကလည်း ၀င်ရောက်လာသလို ဘုရားသုံးဆူ မော်လမြိုင် လမ်းကြောင်းနဲ့ မြ၀တီ-ဘားအံ လမ်းကြောင်းတွေ ဘက်ကလည်း ၀င်ရောက်လာတယ်လို့ Mobile Team ရဲ့တာဝန်ရှိသူ ၁ ဦးဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်အေးဝင်း က ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံကနေ တရားမ၀င် ရောက်ရှိလာတဲ့ ကြက်ကလီစာတွေလည်း ရောင်းချနေ တာတွေ ရှိရပြီး အဲဒီ ကလီစာတွေကို ပြည်တွင်းက အကင်ဆိုင်တွေနဲ့ စားသောက်ဆိုင်ကြီးတွေက ပါဈေးပေါပေါနဲ့ ၀ယ်ယူရောင်းချနေကြတာတွေ ရှိတယ်လို့ သူက အခုလို ဆိုပါတယ်။

“ထိုင်းနိုင်ငံဘက်က ကြက်ကြော်လုပ်ငန်း ကြက်သားလုပ်ငန်းတွေကနေ ထွက်လာတဲ့ ဘေးထွက် ပစ္စည်း အထူးသဖြင့် ကလီစာတွေ အူတွေက ကျနော်တို့ နိုင်ငံမှာ ကီလိုထုတ်တွေနဲ့ ရောင်းနေတာ တွေ့ရတယ်။ အဲဒီကလီစာတွေက ကျနော်တို့ဆီမှာ ဘာမှာ အကာအကွယ်မှ မပါပဲ ရောင်းနေတာ။ ဘယ်လိုဟာတွေက ၀ယ်သလဲလို့ လိုက်တော့ လမ်းဘေးမှာ ရောင်းနေတဲ့ အကင်ဆိုင်တွေနဲ့ တချို့ စားသောက်ဆိုင်က ဒါတွေကို လာဝယ်တယ်။ တဖက်နိုင်ငံက လွှင့်ပစ်လိုက်တဲ့ ပစ္စည်းတွေက ကျနော်တို့ဆီမှာ ဈေးကွက်ဝင်စားသောက်ကုန်ဖြစ်နေတော့ ကျနော်တို့လူမျိုးက သူများနဲ့ ယှဉ်လိုက်ရင် တဆင့်နိမ့်နေသလို ဖြစ်နေတယ်။”

ကြက်ကလီစာတွေနဲ့ အူတွေကို လိုသလောက် ရောင်းချပေးနိုင်ပြီး ဈေးကွက်အတွင်းမှာ ၁ ပိဿာကို ၄၀၀၀ ကျော် နဲ့ ရောင်းချနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်စောင့်ရှောက်ရေးအသင်းက ဦးဗအုပ်ခိုင် ကတော့ ဒီပုစွန်တွေက လီစာတွေဟာ ကျန်မာရေးထောက်ခံချက်တွေ ဘာမှမပါလို့ စားသုံးရင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
“ကြက်ကလီစာတွေ ဈေးတော်တော်များမှာ တွေ့နေတယ်။ အဲဒါတွေက ရေခဲရိုက်ထားတာတင် မကဘူး မပုပ်အောင် ဓာတုဆေးဝါးတွေနဲ့ ထိုးထားတာတွေ များတယ်။ အဲဒီကောင်တွေက ကင်ဆာဖြစ်နိုင်ခြေ များတာပေါ့။ အဲဒါတွေကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက အဲဒါတွေကို စစ်ဆေးရမှာပါ။”

၂၀၁၂ နိုဝင်ဘာလကနေ ၂၀၁၄ ဧပြီလအထိ ၂ နှစ်အတွင်း တရားမ၀င် ကုန်စည်တွေ ဖမ်းဆီးရရှိမှုကနေ မြန်မာကျပ်ငွေ ၁၅ ဘီလျှံကျော် ရရှိခဲ့ပြီဖြစ်ပြီး စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ ဖျက်ဆီးမှုကတော့ ကျပ်သန်းပေါင်း ၃၆၀ ကျော်ခန့်ရှိတယ်လို့ Mobile Team ကပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013