ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းဆွေနှင့် မေးမြန်းချက်
DVB
·
June 23, 2014

ပျူမြို့ဟောင်း ဖြစ်တဲ့ ဟန်လင်း၊ သရေခေတ္တရာနဲ့ ဗိဿနိုးစတဲ့ ရှေးဟောင်းမြို့၃ မြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ဇွန် ၂၂ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြု သတ်မှတ်လိုက်ပါတယ်။
ရှေးဟောင်းမြို့ ၃ ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းဆွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။










