DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို ထပ်မံမှတ်ပုံတင်ခွင့်ပြုရန် စီစဉ်
DVB
·
June 23, 2014
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို ထပ်မံမှတ်ပုံတင်ခွင့်ပြုရန် စီစဉ်
Donate to DVB

ထိုင်းစစ်ရေးချုပ် ဗိုလ်ချုပ်ကြီး ဆီရိချိုင်း ဒီးဆတ်ကွန်းက ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအ၀င် ကမ္ဘောဒီးယားနယ်စပ် ၄ ခရိုင်က ခရိုင်ဝန်တွေနဲ့ ဇွန်လ ၂၂ ရက်နေ့က ထိုင်းစစ်ဦး စီးချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးပြီး ပြောကြားခဲ့ တာဖြစ်ပါတယ်။

[caption id="attachment_57775" align="alignright" width="300"]ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေစဉ် ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေစဉ်[/caption]

အထူးသဖြင့် နေရပ်ပြန်ပြီးမှ ပြန်လည်ဝင်ရောက်လာမယ့် ကမ္ဘောဒီးယား အလုပ်သမားတွေကို ဇွန်လ ၂၃  ရက်နေ့ကစပြီး စနစ်တကျ ပြန်လည်ကြိုဆိုရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာဘဲ တရားမ၀င်အလုပ်သမားတွေကို စနစ်တကျစီမံခန့်ခွဲဖို့နဲ့ ဥပဒေဘောင်တွင်း ၀င်ရောက်လာစေဖို့ နယ်စပ်ခရိုင်ပေါင်း ၂၂ ခုမှာ ထပ်မံမှတ်ပုံတင်ပေးရေး၊  ကနဦးအနေနဲ့ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ဆမွတ်ဆာခွန်းခရိုင်မှာ ဆောင်ရွက်ဖို့နဲ့ ခရိုင် အားလုံးမှာ တရားမ၀င်အလုပ်သမားပေါင်း ၂ သန်းကျော် လာရောက်မှတ်ပုံတင်မယ်လို့ ထိုင်း စစ်ရေးချုပ်က ခန့်မှန်းပြောဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ထိုင်းအမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီ အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးပြန်ပို့ဖို့ မူဝါဒမရှိတဲ့အကြောင်း အထူးသဖြင့် ကမ္ဘော ဒီးယားအလုပ်သမားတွေ သိရှိအောင်ဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ အလုပ်ရှင်တွေကိုလည်း မိမိလက်ခံထားတဲ့ တရားမ၀င်အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ပေးနိုင်အောင် အဆင်သင့်ပြင်ထားကြဖို့၊ ဒီကိစ္စတွေ ဆောင်ရွက်ရာမှာ  ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ အလျင်အမြန်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဒီကိစ္စပေါ်မှာ ထိုင်းမြန်မာသံရုံးကလည်း ကြိုဆိုလိုက်ပြီး အလုပ်သမားတွေ တရားဝင်ဖြစ်သွားရင် သူတို့ကိစ္စကူညီဖြေရှင်းရာမှာ ပိုမိုအဆင်ပြေသွားမှာဖြစ်ကြောင်နဲ့ အလုပ်သမားတွေကို တရား ၀င်လုပ်ပေးဖို့လည်း ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း  မြန်မာအလုပ်သမားဆိုင်ရာ သံမှူး ဦးသိန်းနိုင်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ တရားဝင်လာတဲ့သူတွေရော တရားမ၀င် လာတဲ့ သူတွေကိုရော သေသေချာချာစစ်ဆေးပေးဖို့ပေါ့။ တရားဝင်ဖြစ်ဖို့အတွက် ပတ်စ်ပို့တော့ ရှိတယ်။ အလုပ်လုပ်ခွင့်ပါမစ် တချို့က မရှိကြဘူး။ အလုပ်ရှင်တွေမှာ တလေးတစားနဲ့ လုပ်ပေးဖို့ တာဝန်ရှိတဲ့အကြောင်း ကျနော်တို့က သူတို့ကို ဖုန်းနဲ့ ပြောကြား ထားတာရှိပါတယ်။ အဲဒီအတွက် အဲဒီလိုလေး ဆောင်ရွက်တဲ့အခါမှာ တရားဝင် ဖြစ်သွားလို့ရှိရင် လုပ်ရကိုင်ရ ဖြေရှင်းတဲ့နေရာမှာ လွယ်ကူမယ်လို့လည်း ကျနော်တို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ ”

ထိုင်းအာဏာသိမ်း စစ်ကောင်စီက တရားမ၀င် အလုပ်သမားဖမ်းဆီး နှိမ်နင်းရေးတွေ ဆောင် ရွက်မယ်လို့ သတင်းတွေ ထွက်ပေါ်ပြီး ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းခွဲကျော် နေရပ်ပြန်ခဲ့ကြသလို မြန်မာနဲ့ လော အလုပ် သမားတွေကြားမှာလည်း စိုးရိမ်ကြောက်ရွံ့မှုတွေ၊ လုပ်ငန်းခွင်မဆင်းရဲဘဲ ပုန်းအောင်း တိမ်းရှောင်နေရတာတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013