DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ထိုင်းရဲက မြန်မာများကို ဖမ်းဆီးပြီး နိုင်ငံရေးနှင့်ပတ်သက်ပါက ပိုမိုငွေညှစ် ခြိမ်းခြောက်
DVB
·
April 25, 2023
မဲဆောက်တွင် ထိုင်းရဲက မြန်မာများကို ဖမ်းဆီးပြီး နိုင်ငံရေးနှင့်ပတ်သက်ပါက ပိုမိုငွေညှစ် ခြိမ်းခြောက်
Donate to DVB

မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သမားတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးပြီး ဖမ်းဆီးခံရတဲ့အခါ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေတွေ့ရင် ခြိမ်းခြောက်ပြီး ငွေအများကြီး တောင်းခံနေတယ်လို့ မဲဆောက်ရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။

မဲဆောက်မှာ နေထိုင်တဲ့ မြန်မာတဦးက “အရင်ကတည်းက မြန်မာမြင်ရင် ဖမ်းတယ်။ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် သူတို့လမ်းတွေ့ရင် စစ်တယ်ပေါ့။ အဲ့လိုစစ်လို့ အထောက်အထားပြည့်စုံရင် လွှတ်ပေးလိုက်တယ်။ ပိုက်ဆံပေးရလည်း ၅၀၀၊ ၁,၀၀၀ ပဲ။ အခုက ဖုန်းတွေပါယူစစ်ပြီး ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေ တွေ့ရင် ဘတ်သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တောင်းနေတယ်။ အခုဆို ကျမတို့ အပြင်ထွက်ပြီး အစားအသောက် ဝယ်ဖို့တောင် ကြောက်နေရတယ်” လို့ ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတဲ့အခါမှာ မိန်းကလေး ငယ်ငယ်ချောချောလေးတွေဆိုရင် စခန်းကိုခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်ညီမ အဖမ်းခံရတယ် ဖုန်းဆက်လို့ လိုက်သွားတာ။ စခန်းရောက်တော့ ပိုက်ဆံညှိရင်းနဲ့ နောက်ဆုံး ၄,၀၀၀ ဖြစ်နေပြီ။ ကျနော်တို့က မတတ်နိုင်လို့ ၁,၀၀၀ လောက် ထပ်လျှော့ပေးပါပြောတော့ အဲ့ရဲက အဲ့ကောင်မလေးကို သူနဲ့ တညလာအိပ်ခိုင်းရင် လျှော့ပေးမယ်လို့ပြောတယ်။ ကျနော် တော်တော်ဒေါသထွက်တာဗျာ။”

အခုလို ဖမ်းဆီးငွေညှစ်နေတာတွေအပြင် ဖုန်းတွေအထိပါယူပြီး စစ်ဆေးရေးလုပ်တာက လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက ထိုင်းဘုရင်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်နဲ့ အတူတူဖြစ်အောင် လုပ်နေသလို ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

“ဒါဟာ ထိုင်းဘုရင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာ။ မင်းအောင်လှိုင်နဲ့ တတန်းတည်းထားလိုက်တဲ့ သဘောပဲ။ ဘယ်အာဆီယံနိုင်ငံမှ လူတယောက်ကို စစ်ဆေးရင် ဖုန်းကို မစစ်ဘူး။ စစ်ဆေးမယ် ဆိုရင်လည်း ကာယကံရှင် ခွင့်ပြုချက်နဲ့ ရှေ့နေတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်စစ်ဆေးရတာမျိုးပါ။ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အပြင် လူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုလို့တောင် ပြောလို့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ UNHCR မှာ အများကြီးတာဝန်ရှိတယ်။”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့က ဆေးလာကုတဲ့ PDF လူငယ်သုံးဦးကို ဖမ်းဆီးပြီး တရားမဝင် လမ်းကြောင်းတခုဖြစ်တဲ့ အင်ကြင်းမြိုင်ဂိတ်ကနေ စစ်ကောင်စီလက်ထဲကို လွှဲပြောင်းပေးခဲ့တာကြောင့် ရဲဘော်တဦး သေဆုံးကာ ကျန် ၂ ဦးမှာ မော်လမြိုင် အကျဥ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013