DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၇၁ ဦး နေရပ်ပြန်ပို့၊ ကိုဗစ်-၁၉ ကူးစက် ခံရသူများပါရှိ
DVB
·
April 25, 2023
ထိုင်းတောင်ပိုင်းတွင် လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၇၁ ဦး နေရပ်ပြန်ပို့၊ ကိုဗစ်-၁၉ ကူးစက် ခံရသူများပါရှိ
Donate to DVB

ထိုင်းတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူခံရပြီး အကျဉ်းထောင်က လွတ်ရက်စေ့သူတွေကို ပြန်ပို့ပေးနေရာမှာ ဧပြီ ၂၄ ရက် မှာလည်း ထိုင်းလဝကရဲတပ်ဖွဲ့က နောက်ထပ်မြန်မာနိုင်ငံသား ၁၇၁ ဦးကို ပြန်ပို့ပေးခဲ့ပါတယ်။

မနေ့က ပြန်ပို့တဲ့ထဲမှာ အမျိုးသမီး ၄၅ ဦး အမျိုးသား ၁၂၆ ဦး စုစုပေါင်း ၁၇၁ ဦးပါဝင်ကြောင်း၊ တာဝန်ရှိသူတွေက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကိုယ်ပူချိန်စစ်ဆေးရာမှာ အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်မြင့်နေသူ ၁၀ ဦးကျော်တွေ့ရှိပြီး အဲဒီထဲမှာ ၂ ဦးက ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတယ်လို့ ပြည်တော်ပြန်ကြိုဆိုရေးကူညီခဲ့တဲ့ ကော့သောင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားပညာရေးနဲ့ဖွံ့ဖြိုးရေးစင်တာ FED / MEC မှ တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“သူတို့ကထိုင်းတောင်ပိုင်း ၁၄ ခရိုင် အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေကနေ လွတ်လာတာပါခင်ဗျ။ ထိုင်းလဝကရဲတပ်ဖွဲ့က မနက် ၁၁ နာရီလောက်မှာ ဆိပ်ကမ်းကိုလာပို့ပေးပြီး ကော့သောင်းကို ၁၂ နာရီလောက်ရောက်လာပါတယ်။ ဒီဘက်ရောက်တော့ တာဝန်ရှိသူတွေက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးတယ်။ ရာသီဥတုကလည်း ပူတော့အပူချိန်မြင့်နေတာ ၁၀ ယောက်ကျော်တယ်။ သူတို့ကို သီးသန့်ခွဲပြီး နှာခေါင်းထိုး ATK စစ်ဆေးတာတွေပြန်လုပ်တာ အမျိုး သား ၂ ယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ တွေ့လို့ ဆေးရုံပို့ထားပါတယ်။”

ကျန်သူတွေကို သက်ဆိုင်ရာက ပညာပေးအမှာစကားပြောကြားပြီး ညနေပိုင်းမှာတော့ သူတို့နေရပ်အသီးသီးကို ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ကပြန်ရောက်သူတွေမှာ ရနောင်းဒေသခံတွေအပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကပါ ပါဝင်ပြီး၊ ခရီးစရိတ်မတတ်နိုင်သူတွေကို လူမှုကူညီရေးအဖွဲ့တွေက ထောက်ပံ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိရနောင်းခရိုင်အကျဉ်းထောင်ထဲမှာ အကျဉ်းသား ၁၀ ကျော်သာကျန်ရှိကြောင်း၊ အဖမ်းအဆီးနေ့စဉ်လိုရှိနေတော့ မကြာခင်ရာဂဏန်းထိပြန်ပြည့်လာမယ်လို့ ယူဆကြောင်း ကိုမိုးဝေက ပြောပါတယ်။

ရနောင်းခရိုင် လဝကအကျဉ်းထောင်မှာ အရင်က လွှတ်ရက်စေ့သူတွေကို ချက်ချင်းပြန်မပို့ဘဲ ၄-၅ လကြာဆက်ထားပြီး ငွေပေးနိုင်သူကို အရင်ပို့ပေးသလို ထောင်ထဲမှာ လူ့အခွင့် အရေးချိုးဖောက်ခံနေရတာကြောင့် အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

အဲဒီနောက်ပိုင်း ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေညှိနှိုင်းပြီး လွှတ်ရက်စေ့ အကျဉ်းသားတွေကို ကြာကြာမထားတော့ဘဲ တစ်လလျှင် ၂ ကြိမ် ပြန်ပို့ပေးနေပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ထဲမှာ ၃ ကြိမ်ပြန်ပို့ခဲ့ပြီး ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား ၉၀၀ ကျော် ပြည် တော်ပြန်ခဲ့ရပါတယ်။ 

ထိုင်းအကျဉ်းထောင်ကျခဲ့ရသူတွေဟာ အများအားဖြင့် တရားမဝင် ဝင်ရောက်မှု၊ အလုပ်သမားဥပဒေနဲ့မညီညွတ်မှုတွေနဲ့ အဖမ်းခံရတာဖြစ်ပြီး တခြားမူးယစ်မှု၊ ရန်ဖြစ်မှု ရာဇဝတ်မှုမှာ အနည်းအကျဉ်းသာရှိတယ်လို့  ဦးမိုးဝေက ပြောပါတယ်။ 

Photo- FED 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013