DVB Logo
Home
မြန်မာသတင်း
ကရင်နီ ပွိုင့်5 ပရောဂျက်မှ ကန်ဒေါ်လာ ၄ သိန်းရရှိရန် မျှော်မှန်း၊ အားလုံးပါဝင်ထောက်ပို့ နိုင်ရေး နှိုးဆော်
DVB
·
April 25, 2023
ကရင်နီ ပွိုင့်5 ပရောဂျက်မှ ကန်ဒေါ်လာ ၄ သိန်းရရှိရန် မျှော်မှန်း၊ အားလုံးပါဝင်ထောက်ပို့ နိုင်ရေး နှိုးဆော်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက် ခိုက်နေကြတဲ့ ကရင်နီပြည်က တော်လှန်ရေးသူရဲကောင်းတွေအတွက် ကရင်နီ ပွိုင့်5 ပ ရောဂျက်ကို စတင်နေပြီး အားလုံးပါဝင်ထောက်ပို့နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီပရောဂျက်ကိုတော့ တော်လှန်ရေးမှာ အထိအနာဆုံးဖြစ်နေတဲ့ ကရင်နီဒေသအတွက် KNDF ရဲ့ ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေအတွက် မရှိမဖြစ် ပစ္စည်း ပွိုင့် 5 အတွက်ရည်ရွယ်ပြီးတော့ ပြုလုပ်တာ ဖြစ်ပါတယ်။

ကမ်ပိန်းကာလကိုတော့ ဧပြီ ၂၃ ရက်ကနေ လာမယ့် မေ ၁၃ ရက်အထိ သတ်မှတ်ထားပြီးတော့ ကရင်နီ ပွိုင့်5 ပရောဂျက်ကနေ အမေရိကန်ဒေါ်လာ ၄ သိန်း ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။

လတ်တလောမှာတော့ ဒီကမ်ပိန်းကို နိုင်ငံအလိုက် FR တွေကနေတဆင့် ပါဝင်နိုင်မှာဖြစ် ပြီးတော့ ကရင်နီရဲ့ မြေပြင်ဝေဟင်ကို ကရင်နီပြည်သူပိုင်ဖို့ တော်လှန်ပြည်သူ တရပ်လုံး ပါဝင်ပေးကြဖို့ အကူအညီတောင်းခံထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေအနှံ့အပြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံးရဟတ်ယာဉ်တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013