DVB Logo
Home
Lead Story
ပန်းဆိုးတန်း- ဒလ ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင် တည်ဆောက်မည်
DVB
·
June 23, 2014
ပန်းဆိုးတန်း- ဒလ ဆိပ်ခံတံတားသစ်နှင့် ခရီးသည် နားနေဆောင် တည်ဆောက်မည်
1 / 2
Donate to DVB

ဇွန်လ ၂၁ ရက်နေ့က ရန်ကုန် ကမ်းနားလမ်း ကျန်းမာရေး ဆိပ်ခံတံတားဝင်းမှာ ပန်းဆိုးတန်း- ဒလ ဆိပ်ခံတံတား အသစ်နဲ့ အဆင့်မြင့် ခရီးသည် နားနေဆောင်တည်ဆောက်ဖို့ ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_59000" align="alignright" width="300"]ရန်ကုန်-ဒလ ဆိပ်ကမ်း ရန်ကုန်-ဒလ ဆိပ်ကမ်း[/caption]

အခမ်းအနားမှာ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်က စီမံကိန်းအတွက် New DownTown ကုမ္ပဏီက တင်ဒါအောင်ပြီး ၀န်ကြီးဌာနကို ဆိပ်ခံတံတား တည်ဆောက်ပေးရမှာ ဖြစ်ကြောင်း၊ ဒီအတွက် ကုမ္ပဏီ အနေနဲ့ ပန်းဆိုးတန်း ဘက်အခြမ်း နောက်ခံမြေပေါ်မှာ ၁၀ ထပ် အမြင့်ရှိတဲ့ ဈေးဝယ်စင်တာနဲ့ စီးပွားရေး အဆောက်အဦ ဆောက်လုပ်ခွင့်ရမယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

မြေအသုံးချခွင့်အတွက် ကုမ္ပဏီ ဘက်က ပရီမီယံကြေး ဒေါ်လာ ၁ သန်း၊ မြေငှားခ ၁ နှစ် ဒေါ်လာ ၁ သန်းခွဲကျော် အစိုးရကို ပေးသွင်းရမယ်လို့ ဆိုပါတယ်။

နှစ် ၅၀ BOT စနစ် ဖြစ်တာကြောင့် နှစ်စေ့ရင် အဆောက်အဦတွေ အစိုးရကို ပြန်လည် အပ်နှံရမယ်ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013