DVB Logo
Home
မြန်မာသတင်း
ရဲသတင်းတပ်ဖွဲ့က သတင်းစာ ဂျာနယ်တိုက်တွေ ငွေကြေး အရှုံးအမြတ် ခေါ်မေး
DVB
·
June 22, 2014
ရဲသတင်းတပ်ဖွဲ့က သတင်းစာ ဂျာနယ်တိုက်တွေ ငွေကြေး အရှုံးအမြတ် ခေါ်မေး
Donate to DVB

ရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့က ရန်ကုန်အခြေစိုက် သတင်းစာနဲ့ ဂျာနယ် အယ်ဒီတာတွေကို ခေါ်ယူပြီး ငွေကြေးနဲ့ ပတ်သက်လို့ မေးမြန်းမှတ်တမ်းယူနေတယ်လို့ သွားရောက်မေးမြန်းခံခဲ့တဲ့ သဗွိုင့်စ်နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး ကိုအောင်စိုးက ပြောပါတယ်။

News Paper and Journalဇွန်လ ၂၁ ရက် စနေနေ့က လာရောက်ခေါ်ဆောင်မေးမြန်းခဲ့တာဖြစ်ပြီး သတင်းနဲ့ မဆိုင်ဘဲ သတင်းစာတွေရဲ့ အရှုံးအမြတ် ငွေကြေးကိစ္စတွေ အဓိကထားမေးမြန်းခဲ့တာလို့ ကိုအောင်စိုးက ပြောပါတယ်။

“သူတို့ အဓိက ထားမေးတာက ငွေကြေးနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေရဲ့ အရှုံးအမြတ် အခြေအနေကို သိချင်နေတယ်။ သူတို့ ကြားရတဲ့ သတင်း တချို့ဂျာနယ်တွေ ရှုံးနေတယ်ပေါ့။ အဓိက သူတို့ သိချင်တာက အရှုံးခံပြီးလုပ်နေတဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ သူတို့ သိချင်ပုံရတယ်လို့ ကျနော်ထင်တယ်။ ဂျာနယ်တစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ၊ ဈေးကွက် ဘယ်ဈေးနဲ့ ဖြန့်လဲ၊ တခြားဝင်ငွေရနိုင်တဲ့ဟာတွေ၊ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က ဘယ်လောက်သုံးရလဲ၊ ၀န်ထမ်းတွေရဲ့ လုပ်ခ လစာ စာမူခတွေ အပါအ၀င် အဲဒီတော့ ဂျာနယ်တွေအနေနဲ့ ရှုံးလား မြတ်လား၊ ရှုံးရဲ့သားနဲ့ ဘာလို့ ဆက်ထုတ်နေရလဲ ဥစ္စာကို သူတို့သိချင်နေပုံရတယ်။ အဓိကပြောချင်တာက မဟုတ်တာတွေ နောက်မှာ ဘာရှိမလဲပေါ့ အဲဒါတွေ သိချင်တာလို့ထင်ပါတယ်။”

အဲ့ဒီနေ့က သူကြားသိခဲ့ရသလောက် ယူနတီဂျာနယ်၊ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာတွေ ကိုလည်း ခေါ်ယူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်းတပ်ဖွဲ့က သတင်းစာဂျာနယ်တိုက်တွေကို သတင်းနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပဲ အရင် ရှိခဲ့ဖူးပေမယ့် အခုလို ငွေကြေးအရှုံးအမြတ်ကိစ္စ ခေါ်ယူမေးမြန်းတာကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။

သတင်းစာဆရာ ကိုဇော်သက်ထွေးကတော့ သတင်းစာဂျာနယ်အယ်ဒီတာတွေကို ငွေကြေးကိစ္စ ခေါ်ယူမေးမြန်းပိုင်ခွင့် ရှိ မရှိ အရင်ဆုံး လေ့လာရမယ်လို့ သုံးသပ် ပြောပါတယ်။
“နံပတ် ၁ က သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ နေ့စဉ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ထုတ်ဝေတယ်။ အဲဒီထုတ်ဝေတဲ့ မီဒီယာတွေကို ဒီလိုမျိုးခေါ်ယူမေးမြန်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်ပုဒ်မအရ မေးမြန်းစစ်ဆေးသလဲ။ နောက် ဒီလို မေးမြန်းစစ်ဆေးဖို့ အတွက် အခွင့်ရှိလား မရှိလားဆိုတာ ကျနော်တို့ အရင်ဆုံးလေ့လာ ဆန်းစစ်ရမှာပေါ့။ နံပတ် ၂ က သူတို့ ဒီလိုမျိုး မီဒီယာတွေကို မေးတာဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အဓိက ဖြစ်တဲ့အတွက် သူတို့ဟာ ငွေကြေး ငွေဖြူ၊ ငွေမဲ ခ၀ါချမှုတွေကို တကယ်တိုက်ဖျက်ချင်တာလား ငွေအရင်းအမြစ်တွေ မီဒီယာလောကထဲ ဘယ်လို စီးဆင်းနေသလဲဆိုတာကိုပဲ သိချင်တာလား။ ဒါမှမဟုတ်ရင် အခွန်ကိစ္စနဲ့ မီဒီယာတွေကို ကိုင်တွယ်ချင်တာလား။ ဒီလိုမျိုး သို့လော သို့လော ဗားရှင်းတွေ အများကြီးထွက်လာတယ်။ ဒီထဲက ဘယ်ဟာကြောင့်လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ သို့သော် ဒီလိုမျိုးလုပ်ဆောင်မှုကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ ထုတ်ဝေနေတဲ့ သတင်းလောကအတွက်တော့ ဒါဟာ နှစ်မြို့စရာကောင်းတဲ့ အခြေအနေတရပ် မဟုတ်ဘူးဆိုတာ သုံးသပ်လို့ ရတယ်။”

အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဘာလုပ်မလဲဆိုတာ လောလောဆယ် သတင်းထွက်ပေါ်လာတာ မရှိသေးပါဘူး။

အခုလို သတင်းစာဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးပိုင်းတွေ မေးမြန်းစုံစမ်းမှုရဲ့ နောက်ကွယ် မှာ ဂျာနယ်တချို့ကို ပိုင်ဆိုင်မှုအကြောင်းပြပြီး ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်လာတာလည်း ဖြစ်နိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013