DVB Logo
Home
မြန်မာသတင်း
မိုင်းဖြတ်မြို့နယ်၌ ဘုရားဖူးကား ချောက်ထဲ ပြုတ်ကျ၊ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
DVB
·
April 24, 2023
မိုင်းဖြတ်မြို့နယ်၌  ဘုရားဖူးကား ချောက်ထဲ ပြုတ်ကျ၊ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်မှာ ဧပြီ ၂၄ ရက် ဒီနေ့မနက်က ဘုရားဖူးထွက်လာတဲ့ အိမ်စီးကားတစ်စီး ချောက်ထဲကို ပြုတ်ကျခဲ့လို့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

တာချီလိတ်က‌နေ မိုင်းယောင်းမြို့ကို ဘုရားဖူးထွက်လာတဲ့ Vigo အဖြူရောင်ကားဟာ နမ့်နန်းကျေးရွာအကျော် ၃ ဖာလုံ၊ မိုင်းယောင်းလမ်းမဘေးရှိ မိုင်းယောင်းအတက်လမ်းမှာ ပြန်လှိမ့်ကျကာ ပေ ၂၀ လောက် အနက်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျခဲ့တာပါ။

ကားပေါ်ပါ လူ ၆ ဦးအနက် အသက် ၅၀ ကျော် အမျိုးသမီး ၃ ဦး ဆေးရုံပို့ဆောင်တဲ့လမ်းမှာ သေဆုံးသွားပြီး ယာဉ်မောင်းအမျိုးသားကတော့ ခေါင်းကွဲဒဏ်ရာ၊ အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာနဲ့ အမျိုးသမီး ၁ ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ 

မြို့ခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက "တာချီလိတ်ကနေ မိုင်းယောင်းဘက်သွားတာ၊ အားလုံး ၆ ယောက်ပါ၊ တောင်အတက်လမ်းမှာ မတက်နိုင်ဘဲ ပြန်ထိုးကျတာ၊ လူနာက ယာဉ်မောင်း ၁ ဦး၊ အမျိုးသမီး ၅ ဦးမှာ ဆေးရုံအရောက်မှာ မ ၃ ဦးသေဆုံး၊ ကျန်အမျိုးသမီး ၁ ဦး စိုးရိမ်ရပါ " လို့ ဆိုပါတယ်။

ကားပေါ်ပါသူတွေဟာ တာချီလိတ်မြို့က ဖြစ်တာကြောင့် သေဆုံးသူ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို မိုင်းဖြတ်မြို့နယ်ဆေးရုံကနေ တာချီလိတ်ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း မိုင်းဖြတ်မြို့နယ် တာကျောက်ရွာအနားမှာ လူ ၂၅ ဦးပါ ခရီးသည်တင်ကား ချောင်းထဲပြုတ်ကျတာကြောင့် ၃ ဦးသေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013