DVB Logo
Home
မြန်မာသတင်း
ရှမ်းရိုးမ PDF က မြေပြင် ဝေဟင် စိုးမိုးနိုင်ရေး Air Balloon ပရောဂျက် ပြုလုပ်
DVB
·
April 24, 2023
ရှမ်းရိုးမ PDF က မြေပြင် ဝေဟင် စိုးမိုးနိုင်ရေး Air Balloon ပရောဂျက် ပြုလုပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ရှမ်းရိုးမ PDF က ရှမ်းပြည်နယ်နဲ့ ရှမ်း-ကယား နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြေပြင် ‌ဝေဟင် စိုးမိုးနိုင်ဖို့ Air Balloon ပရောဂျက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရှမ်းရိုးမ PDF အဖွဲ့က ပင်လောင်းနယ်၊ နန်းနိန်တိုက်ပွဲမှာ SSLRU နဲ့ပူးတွဲကာ မိုင်းယူနစ်အနေနဲ့ ပါဝင်အားဖြည့်ပေးနေပြီး ဒရုန်းမရှိသေးတဲ့အတွက် မိုင်းယူနစ်အနေနဲ့ပဲ မစ်ရှင်လုပ်နေရလို့ ထိရောက်မှုမရှိတာကြောင့် မြေပြင်ရော ဝေဟင်ကရော ပူးတွဲ စစ်ရေးဖော်ဆောင်နိုင်ဖို့ အဖွဲ့မှာ မရှိသေးတဲ့ Drone Unit ကို တိုးချဲ့ဖွဲ့စည်းနိုင်ဖို့ Air Balloon ပရောဂျက် ပြုလုပ်ရခြင်းဖြစ်တယ်လို့ ရှမ်းရိုးမ PDF မှ တာဝန်ရှိသူ ကိုဝီလီယံက ပြောပါတယ်။

“တောင်ကြီးမြို့ပေါ်က ကာချုပ်စိုးဝင်း လမ်းကြောင်းကို တိုက်ခိုက်ခဲ့ပြီးကတည်းက ကျ‌ေနာ်တို့အဖွဲ့ရဲ့ ရဲဘော်တချို့လည်း အဖမ်းပါသွားတာမို့ မစ်ရှင်တွေကို တိတ်တဆိတ်နဲ့ပဲ လိုက်ပါဖော်ဆောင်နေရတာပါ။ Page ရဲ့ Follower ကလည်း နည်းနေတာကြောင့် ဒီကမ်ပိန်းအောင်မြင်ဖို့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို အကူအညီ တောင်းချင်ပါတယ်။ ငြိမ်ချက်သားကောင်းနေတဲ့ ရှမ်းတောင်ကို ထိထိရောက်ရောက် တိုက်ခိုက်မှု လုပ်ဆောင်နိုင်ဖို့က လိုအပ်နေတဲ့ တိုက်ခိုက်ရေး ဒရုန်းနဲ့ Drop အသီးတွေ များများဝယ်နိုင်အောင် အားဖြည့်ကူပေးကြပါ။”

ကမ်ပိန်းကို ဧပြီ ၂၁ ရက်ကနေ မေ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး တိုက်ခိုက်ရေး ဒရုန်းအကြီး ၁ စီးကို သိန်း ၁၂၀ မှ ၂၈၀ အကြားရှိပြီး ၆၀ ဗုံးသီး ၁ လုံးကို ၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ အကြား ရှိနေတယ်လို့ သိရပါတယ်။

မီးပုံးပျံပွဲ တူစုံနွှဲလို့ ရှမ်းတောင်သားတို့ အိမ်ပြန်ဖို့ “Air Balloon Project” ကို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ K Pay, Wave Pay, NUG Pay တို့နဲ့ လှူဒါန်းနိုင်ပြီး SHAN YOMA Page Messanger မှတဆင့် ဆက်သွယ်ကာ အသေးစိတ်အချက်အလက်တွေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013