DVB Logo
Home
မြန်မာသတင်း
စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ရေစကြိုပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ၊ မြိုင်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ
DVB
·
April 24, 2023
စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ရေစကြိုပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ၊ မြိုင်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်တောင်ပိုင်းမှာ ဧပြီ ၂၃ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ်တောင်ပိုင်း ကမ်းဘဲ့ရွာဘက်ကို ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို ဖောကတစီးနဲ့တိုက်ပြီး ခိုးယူနေကြတယ်လို့ ကမ်းဘဲ့ရွာခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“စစ်ကောင်စီတပ်သား အင်အားက ၁၅၀ ပတ်ချာလည်လောက်ရှိမယ်။ ကတ္တရာလမ်းဘက်ကနေ စစ်ကြောင်း တကြောင်း၊ အရှေ့ဘက်ကနေတကြောင်း၊ ကန်သစ်နဲ့ ကြီးကန်နဲ့ ကြားထဲက တကြောင်း စစ်ကြောင်း ၃ ကြောင်း ညှပ်ထိုးနေတာ။” 

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ ကမ်းဘဲ့ကျေးရွာ၊ ပေါက်ကူကျေးရွာ၊ တောင်အိုကျေးရွာနဲ့ တောင်အိုကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ မနေ့က ဧပြီ ၂၂ ရက်နေ့ ညနေ ၆နာရီလောက်မှာလည်း မိုးသက်လေပြင်းကျရောက်ခဲ့ပြီး နေအိမ်တွေထိခိုက်ပျက်စီးခဲ့တာကြောင့် နေထိုင်ရေး အခက်အခဲ ကြုံတွေ့နေရပြီး တောထဲက သစ်ပင်တွေအောက်မှာ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

နေရပ်စွန်ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုး၊ အကာ၊ စားနပ်ရိက္ခာ ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် မိမိတို့တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ကားတွေ ထိခိုက်ပျက်စီးကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်ပကဖက သိရပါတယ်။

မြိုင်မြို့နယ် စက်မှု ၂ ဘက်ကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၁၉ စီးလောက်ကို ဧပြီ ၂၀ ရက် မွန်းလွဲ ၁ နာရီလောက်က သရက်ကန်နဲ့ တွင်းမရွာကြားမှာ ၁ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁)တပ်ခွဲ(၂) ဂဠုန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ပြောပါတယ်။

အဲဒီနောက် တွင်းမပျူစခန်းနဲ့ ကမ္မမြို့ကြားမှာတော့ မိုင်း ၃ ကြိမ်ဆွဲခဲ့တဲ့အပြင် ပခုက္ကူမြို့နယ် ရေလာလေးရွာဘက်ကနေ ကင်းပုန်းလာယူတဲ့ ကားကို မိုင်းဆွဲ တိုက်ခိုက်ရာမှာ ကားပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တွင်းမနဲ့ ကမ္မကြားက တိုက်ခိုက်မှုမှာတော့ ကားခေါင်းထိမှန်ပြီး ခေါင်းခန်းတဲ့မှာပါလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၄ ယောက်လောက်ထိမှန်ပြီး သေဆုံးဒဏ်ရာကသူ ရှိနိုင် ပေမယ့် အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ရဲဘော်ဇေယျာက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ  ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013