DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီဆုရှင်များ ပွဲတက်လျှင် ရွှေရင်ထိုးပေးမည်ဟု မက်လုံးပေးစည်းရုံး
DVB
·
April 24, 2023
အကယ်ဒမီဆုရှင်များ ပွဲတက်လျှင် ရွှေရင်ထိုးပေးမည်ဟု မက်လုံးပေးစည်းရုံး
Donate to DVB

နေပြည်တော်မှာ မေ ၆ ရက်နေ့ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲကို အကယ်ဒမီရရှိပြီးသားဖြစ်တဲ့ အနုပညာရှင်တွေပွဲတက်ပါက  ရွှေရင်ထိုး တံဆိပ်ပေးအပ်မယ်လို့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက  ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

၂၀၁၉-၂၀၂၀-၂၀၂၂ ခုနှစ်တွေအတွင်း ၃ နှစ်စာပေါင်းပြီး အကယ်ဒမီဆုပေးပွဲကျင်းပဖို့  စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်နေတာဖြစ်ပြီး ဒီပွဲမှာတက်ရောက်ဖို့   အနုပညာရှင်တွေကို တဖက်မှာ ဖိအားပေးခြိမ်းခြောက်နေတာရှိသလို  အကယ်ဒမီဆုရရှိပြီးသားသူတွေ တဖက်မှာလည်း ပွဲတက်ရင်  ရွှေအစစ်နဲ့ လုပ်ထားတဲ့ ရင်ထိုးတံဆိပ်ကို ပေးအပ်မယ်လို့ စည်းရုံးနေတာ ဖြစ်ပါတယ်။ 

မဲဆောက်ရောက် အနုပညာရှင် တဦးက  "ဒါကတော့ အရင်တွေ တုန်းကလည်း ရှိခဲ့တာပဲ။ ဒါက ထုံးစံလို့ ဖြစ်နေပါပြီ။ ဒါကိုယုံပြီး သွားတက်ရင်တက်ပေါ့" လို့ ပြောပါတယ်။

လက်ရှိမှာ အနုပညာရှင်တွေအပါအဝင် NUG ထောက်ခံသူတချို့ဟာ CDM ကွန်ရက်မှာ ပါဝင် နေပြီး အခုလိုအပြုအမှုအတွက် နောက်ဆက်တွဲ မကောင်းနိုင်ဘူးလို့ မဲဆောက်ရောက် အနုပညာရှင်တဦးက ထပ်မံပြောဆိုပါတယ်။

"ဟိုကတော့ မက်လုံးပေးပြီး ခေါ်မှာပဲ။ အခုဟာကအနုပညာသည်မှာ မဟုတ်တာ။ ဖက်ခွက်စား၊ သာကူးတွေပါ။ တက်ရင်လည်း တက်ကြပေါ့။"

အဆိုပါ ပွဲတက်ဖို့ ဖိတ်ကြားတဲ့စာ ထုတ်ပြန်ခဲ့တဲ့အချိန်ကစပြီး  NUG ထောက်ခံသူ တချို့က အနုပညာရှင်တွေကို သပိတ်မှောက်ဖို့၊ အကြောင်းအမျိုးမျိုး ပြပြီး မပါဝင်ဖို့ ပြောဆိုကြတာလည်း ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းကျခံရပြီး ပြန်လွတ်လာတဲ့ အနုပညာရှင်တွေကို  အကယ်ဒမီပွဲမတက်ရင် ကျခံဖို့ကျန်နေတဲ့ ပြစ်ဒဏ်တွေ ပြန်လည်ကျခံဖို့ စစ်ကောင်စီက ဖိအားပေးနေတာ ရှိသလို ခံဝန်ထိုးထားတဲ့ အနုပညာရှင်တွေကိုလည်း ပွဲတက်ဖို့ ဖိအားပေးနေတာတွေလည်း ရှိပါတယ်။ 

စစ်တပ်ကိုထောက်ခံတဲ့ အနုပညာရှင်တချို့ကတော့ လိုလိုလားလား အကယ်ဒမီပွဲတက်ချင်တဲ့ အကြောင်း ပြောနေကြတာရှိသလို အကယ်ဒမီပေးပွဲအတွက် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နေတာတွေလည်း မြင်တွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013