DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပါတီတွေ ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပြဖို့စီစဉ်
DVB
·
June 21, 2014
တိုင်းရင်းသားပါတီတွေ ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပြဖို့စီစဉ်
Donate to DVB

တိုင်းရင်းသားပါတီ ၁၅ ခုနဲ့ ဖွဲ့စည်းထူထောင်ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၅ ခုမှာ ပီအာ စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဦးစောသန်းမြင့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

national parliment“ကျနော်တို့ လောလောဆယ်ရာထားတာကတော့ တောင်ပိုင်းကနေ စမယ်ဆိုရင် လင်းခေး ခရိုင်ပေါ့။ နောက်ပြီးတော့ တောင်ကြီး၊ အရှေ့ပိုင်းခရိုင်မှာ တာချီလိတ်၊ နောက်ပြီး ကျောက်မဲ၊ လားရှိုး ၅ ခရိုင်မှာ ဆန္ဒပြဖို့ အားလုံး အစီအစဉ်ဆွဲထားပြီးပြီ။ ဒါပေမယ့် နည်းနည်း အခြေအနေ စောင့်ကြည့်နေတယ်။”

အခြေအနေစောင့်ကြည့်နေတယ်ဆိုတာက ပီအာ စနစ်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်တင် လာ မလာ စောင့်ကြည့်နေတာကို ပြောတာပါ။

လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် Proportional Representation (PR)ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် တိုင်းရင်းသားပါတီတွေက လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အဆိုကို ပြည်သူ့လွှတ်တော် တင်ထားပြီးဖြစ်ပေမယ့် ဆွေးနွေးမယ့်ရက်ကို မသိရသေးဘဲ တမင်အချိန်ခွာထားတာ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသားပါတီတွေက သုံးသပ်နေကြတာပါ။

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပီအာ စနစ်ကျင့်သုံးဖို့ လုပ်ဆောင်လာမှာကို တိုင်းရင်းသားပါတီတွေက မျှော်လင့်ထားပြီးသား ဖြစ်ကြောင်းလဲ ဦးစောသန်းမြင့်က ခုလို ပြောပါတယ်။

“၂၀၁၅ မှာ ပီအာ ၀င်တော့မယ်ဆိုတာ ကျနော်တို့သိတယ်။ ပီအာ ဘယ်နည်း ဘယ်ပုံ ဘယ်စနစ်မျိုး သွားမယ်ဆိုတာလည်း အသေးစိတ်အကွက်ချထားပြီးပြီ။ ဘယ်စနစ်မျိုးသွားမယ်ဆိုတာလည်း လုပ်ထားပြီးပြီ။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် တိုင်း ၇ တိုင်းမှာ အရင် ကျင့်သုံးကျင့်ပါ။ တိုင်း ၇ တိုင်းမှာ ကျင့်သုံးပြီးလို့ ပြည်သူရော ပါတီတွေကရော အားလုံး ကောင်းပါတယ်မှန်ပါတယ်။ အားလုံး လက်ခံနိုင်ပါတယ်။ အင်မတန် ရိုးရှင်းလွယ်ကူပြီး အားလုံးက ကောင်းတယ်ဆိုရင် လာမယ့် ၂၀၁၅ မှာ ကျနော်တို့ ကန့်ကွက်ဖို့ ကန့်ကွက်ဖို့က ကျနော်တို့ စဉ်းစားရတော့မယ်လေ။ အခုကတော့ ဘယ်လိုဖြစ်ဖြစ် ကန့်ကွက်တယ်။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ 'ဝ' ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ တိုင်းရင်းသားပါတီ ၁၅ ခု ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013