DVB Logo
Home
Lead Story
ရထား ၂ စင်း ပုဂ္ဂလိကကို လုပ်ခွင့်ပေးမည်
DVB
·
June 21, 2014
ရထား ၂ စင်း ပုဂ္ဂလိကကို လုပ်ခွင့်ပေးမည်
Donate to DVB

Train 1ရထားပို့ဆောင်ရေးဝန်ကြီးဌာနဟာ ရန်ကုန်- မန္တလေး အမှတ် ၁၁-၁၂ အစုန်အဆန် ရထား ၁ စီးနဲ့ မန္တလေး- မြစ်ကြီးနား အမှတ် ၃၇-၃၈ အစုန် အဆန် ရထား ၁ စီး ပေါင်း ၂ စီးကို အကျိုးတူ စင်းလုံးငှားစနစ်နဲ့ ပူးပေါင်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်လို့ မြန်မာ့မီးရထားဌာန ရန်ကုန်တိုင်းရုံးတာဝန်ရှိသူက အတည်ပြုပြောဆိုပါတယ်။

တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမှာ ဖြစ်ပေမယ့် လက်မှတ်ခ တွေကိုတော့ လက်ရှိအစိုးရက သတ်မှတ်ကောက်ခံနေတာထက် ၁၅ ရာခိုင်နှုန်း အထက် ပိုကောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာ့မီးရထားဟာ ၁ နှစ်ကို ကျပ်ငွေ ၆ ဘီလီယံလောက် အရှုံးပေါ်နေတဲ့အတွက် အရှုံးသက်သာအောင် အခုလို ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ တင်ဒါ ခေါ်ရတာလို့ အဆိုပါ တာဝန်ရှိသူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013