
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ ချယ်လ်ဆီးနဲ့ FA Cup ဗိုလ်လုပွဲ မတိုင်ခင် အင်္ဂလန်မှာ ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်တာ နည်းပြဘဝဟာ အလွန်ပျော်ဖို့ကောင်းခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။
နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပေမဲ့ ဂါဒီယိုလာက တော့ စီးတီးနဲ့အတူ ၁၀ နှစ်အတွင်း ဆုဖလား ၁၉ လုံးအထိ ရယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် နည်းပြဟာ သူရဲ့စာချုပ်သက်တမ်း ၁ နှစ် ကျန်သေးတာကြောင့် အခု ခရီးစဉ် ဟာ ဝင်ဘလေဆီ နောက်ဆုံးအကြိမ် လာရောက်တာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အပြောင်းအလဲလုပ်ဖို့ အသင်းက ထွက်ခွာကြမဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း ဘဝက တိုတိုလေးဖြစ်တာကြောင့် ကိုယ့်အိမ်မက်နောက်ကိုယ် လိုက်ကြဖို့ အားပေးစကားဆိုသွားပါတယ်။
Photo:Reuters










