DVB Logo
Home
မြန်မာသတင်း
ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဒေသခံများ ဆန္ဒပြ
DVB
·
April 22, 2023
ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဒေသခံများ ဆန္ဒပြ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာမှာ ဒေသခံတွေက လျှပ်စစ်မီးလင်းရေးနဲ့ပတ်သက်ပြီး ဧပြီ ၂၁ ရက် မနက် ၉ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရေကန်တောင်ကျေးရွာမှာ လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ Techo-Hill Engineering ကုမ္ပဏီကို ဒေသခံ ၄၀၀ နီးပါးလောက်က ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဘက်ထရီပါဝါက level 3 အဆင့်ထိရှိတယ်။ ကျနော်တို့ကိုပေးတဲ့ မီးဟာ level 1 အဆင့်ပဲပေးတယ်။ ကျနော်တို့ဖြစ်စေချင်တာက level 3 အထိတိုးပြီး လုပ်ပေးဖို့ တောင်းဆိုတာပါ။ အရင် ၂ လလောက်ကတည်းက တောင်းဆိုတာပါ။ စကစဘက်က သက်ဆိုင်ရာလူကြီးတွေ အစည်းအဝေးထိုင်ပေမဲ့ ဘာမှလည်း အကျိုးမထူးလာလို့ အခုလိုမျိုး ဆန္ဒထုတ်ဖော်ကြတာပါ” လို့ ပြောပါတယ်။

ဒေသခံလုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ရွာမှာ လုပ်ငန်းရှင်တွေလည်း များတယ်။ သူတို့ပေးတဲ့မီး ဂဟေဆော်လို့တောင်မရဘူး။ မီးကလည်း နေ့ဘက်ပဲရတယ်။ ညရောက်ရင် မီးမရဘူး။ နွေရာသီတောင်မှ ဆိုလာမီးနဲ့ နေ့ဘက်လောက်ပဲ ရွာမှာဖြန့်ပေးတာ။ မိုးရာသီဆိုရင် ဘယ်လိုလုပ်မှာလဲ။ ကျနော်တို့ဘက်က ဒီဇယ်နဲ့မောင်းတဲ့မီးဆိုလည်း ဒီဇယ်ဖိုး ပိုပေးလို့ရတယ်။ အဓိကကတော့ မီးပုံမှန်လာဖို့ပဲ” လို့ ပြောပါတယ်။

အဆိုပါကျေးရွာမှာ ဆိုလာလျှပ်စစ်မီးကို အစိုးရ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီ ၂၀ ရာခိုင်နှုန်း၊ ရွာသားတွေက ၂၀ ရာခိုင်နှုန်းနဲ့ ဖြန့်ဖြူးနေတာ ၃ နှစ်နီးပါးရှိပြီး အရင်က မီးပုံမှန်လာပေမဲ့ အခုအခါမှာတော့ မကြာခဏ မီးပျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လျှပ်စစ်မီးလင်းရေးနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာမှာ စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ဦးစိန်မောင်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဇောထိုက်တို့က သက်ဆိုင်သူတွေနဲ့ ပြန်လည်ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ရွာသားတွေကို ကတိပေး ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

ရေကန်တောင်ကျေးရွာမှာ ဒေသခံအများစုဟာ ရေလုပ်ငန်း လုပ်ကိုင်နေကြပြီး အိမ်ခြေ ၈၀၀ ကျော်နဲ့ လူဦးရေ ၈,၀၀၀ ကျော်ခန့် နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013