DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်တွင် လူနေအိမ် ၄ လုံးမီးလောင်ပြီး အဘိုးအို ၁ ဦး သေဆုံး
DVB
·
April 21, 2023
နမ့်ဆန်မြို့နယ်တွင် လူနေအိမ် ၄ လုံးမီးလောင်ပြီး အဘိုးအို ၁ ဦး သေဆုံး
1 / 5
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာမှာ ဧပြီ ၂၁ ရက် ဒီနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးကာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မနက် ၃ နာရီဝန်းကျင်မှာ အသက် ၇၈ နှစ်အရွယ် အဘိုးအိုတဦးရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းတာလို့ သိရပြီး ဘေးကပ်ရပ်အိမ် ၃ လုံးကိုပါ ကူးစက်လောင်ကျွမ်း သွားခဲ့တာပါ။

အဆိုပါအဘိုးအိုဟာ ခြေထောက် လေဖြန်းထားတာကြောင့် မီးလောင်တဲ့အထဲ ပါသွားခဲ့ပြီး ကျန်မီးကူးစက်ခဲ့တဲ့အိမ်တွေက လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

“ငွန်ဆိုင်းမှာ မနက်စောစောပိုင်းက မီးလောင်ပါတယ်။ အိမ်ခြေ ၄ လုံး မီးလောင်၊ အသက် ၇၈ နှစ် ဦးအိုက်စု သေဆုံးပါ။ ‌လူတွေ အိပ်မောကျနေတဲ့အချိန် ဖြစ်တာရယ်၊ စလောင်တဲ့အိမ်က အဘိုးက လေဖြန်းထားတာရယ်နဲ့ ‌လူသေဆုံးတဲ့အထိ ဖြစ်သွားတာ” လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မြို့ခံမီးသတ်ဌာနနဲ့ ကယ်ဆယ်ရေးအသင်းတွေက မီးသတ်ယာဉ် ၃ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၅ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပြီး သေဆုံးသူ ရုပ်‌အလောင်းကို နမ့်ဆန်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မီးစတင်လောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို စုံစမ်းနေဆဲလို့ သိရပြီး ရှမ်းပြည်နယ်မှာ ဧပြီလအတွင်း ၂၁ ရက်နေ့အထိ မီးလောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ကာ လူနေအိမ် ၅၅ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးဆုံးရှုံးထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013