DVB Logo
Home
Lead Story
သံဃာ ၅ ပါး အာမခံကြေး သိန်း ၁၀၀၀ ဖြင့် ပြန်လွတ်- ဦးဥတ္တရနှင့် မေးမြန်းချက်
DVB
·
June 20, 2014
သံဃာ ၅ ပါး အာမခံကြေး သိန်း ၁၀၀၀ ဖြင့် ပြန်လွတ်- ဦးဥတ္တရနှင့် မေးမြန်းချက်
Donate to DVB

rsz_monks_at_court

ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။

သံဃာတပါးချင်းဆီကို အာမခံကြေး ကျပ် သိန်း (၂၀၀) စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့ကြရပါတယ်။

ညနေ ၅ နာရီလောက်မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒီကိုယ်တော်တွေဟာ မဟာသန္တိသုခကျောင်းအနီးက သုံးထပ်ကျောင်းမှာ သင်္ကန်းပြန်ဝတ်ခဲ့ကြပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013