DVB Logo
Home
နိုင်ငံတကာ
ကိုဟီးနူးစိန်ကြီး ပြန်ပေးရန် ချားလ်စ်ဘုရင်ကို နယူးယောက်မြို့တော်ဝန် တိုက်တွန်းမည်
DVB
·
April 30, 2026
Photo: REUTERS/Jeenah Moon/Pool
Photo: REUTERS/Jeenah Moon/Pool
Donate to DVB

အိန္ဒိယကနေ ဗြိတိသျှတွေ ယူသွားတဲ့ ကိုဟီးနူးစိန်ကြီး ပြန်ပေးဖို့ ဗြိတိန်နိုင်ငံရဲ့ ချားလ်စ်ဘုရင်ကို တိုက်တွန်းသွားမယ်လို့ နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီက ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။

အိန္ဒိယနွယ်ဖွား နယူးယောက်မြို့တော်ဝန် မန်ဒါနီက “ဘုရင်ကြီးနဲ့ သီးခြားပြောခွင့်ရမယ်ဆိုရင်၊ ကိုဟီးနူးစိန်ကြီးကို ပြန်ပေးဖို့ တိုက်တွန်းကောင်း တိုက်တွန်းဖြစ်ပါလိမ့်မယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု အောက်မေ့ဖွယ်အခမ်းအနား မတိုင်ခင် လုပ်ခဲ့တာပါ။

အဲဒီအခမ်းအနားမှာ ချားလ်စ်ဘုရင်နဲ့ မမ်ဒါနီတို့ တွေ့ဆုံခဲ့ကြချိန်မှာတော့ ဒီကိစ္စကို တကယ် ဆွေးနွေးဖြစ်၊ မဖြစ် မသိရသေးပါဘူး။

၁၀၅ ကာရက်ရှိတဲ့ အဲဒီစိန်ကြီးကို ပြန်ပေးဖို့ အိန္ဒိယနိုင်ငံက အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။ ၁၈၄၉ ခုနှစ်မှာ ပန်ဂျပ်ဒေသကို သိမ်းပိုက်ပြီးနောက် အဲဒီစိန်ကြီးကို အရှေ့အိန္ဒိယကုမ္ပဏီက ယူဆောင်ခဲ့တာပါ။

အဲဒီနောက် ၁၈၅၀ ပြည့်နှစ်မှာ ဝိတိုရိယဘုရင်မကြီးဆီကို ဆက်သခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှတွေ လက်အောက်ကနေ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

ဒီစိန်ကြီးကို ဗြိတိသျှတွေ ပိုင်ဆိုင်ထားတာဟာ ကိုလိုနီခေတ် ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ပြယုဂ်တခုအဖြစ် အိန္ဒိယလူမျိုး အများအပြားက ရှုမြင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013