DVB Logo
Home
မြန်မာသတင်း
မဲကနယ်ကျေးရွာက ပြည်သူ ၇၀ နီးပါးကို နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး
DVB
·
April 20, 2023
မဲကနယ်ကျေးရွာက ပြည်သူ ၇၀ နီးပါးကို နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး
1 / 5
Donate to DVB

တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးရာက ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့တဲ့ ဒေသခံကျေးရွာသား ၇၀ နီးပါးကို စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဧပြီ ၂၀ ရက် မွန်းတည့် ၁၂ နာရီမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁၁ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ဘက် မဲကနယ်ကျေးရွာအနီးမှာ  စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့  နှစ်ဖက်တိုက်ပွဲ‌တွေ ပြင်းထန်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

သင်္ကြန်ကာလ ဧပြီ ၁၃ ရက်နေ့က တိုက်ပွဲတွေ ခေတ္တငြိမ်သက်ချိန် ကျေးရွာက နေအိမ်နဲ့ တိရစ္ဆာန်တွေကို ပြန်လည်ကြည့်ရှုစဉ် အခုလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“တိုက်ပွဲတွေငြိမ်လို့ ရွာမှာကျန်ခဲ့တဲ့ အိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်ကြည့်တဲ့သူနဲ့ တချို့မပြေးဘဲ ကျန်နေတဲ့သူ ၇၀ လောက်ရှိတယ်။ ဘယ်သူမှ ရွာပြင်ပေးမထွက်ဘူး။ ထွက်တဲ့သူကို ပစ်သတ်မယ်လို့ ခြိမ်ခြောက်ထားတယ်။ တဖက်မှာလည်း တိုက်ပွဲတွေကပြန်ဖြစ်နေတာ။ လက်နက်ကြီးကော၊ လေကြောင်းကကော နေ့ညရန်းသမ်းပစ်နေတော့ ရွာသားတွေက စိုးရိမ်ကြောက်လန့်တာပေါ့။ ထွက်လည်း မပြေးရဲဘူး။ ကျနော်တောင် တိုက်ပွဲဖြစ်တုန်း ကံကောင်းလို့ လွတ်လာတာ။”

စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မဲကနယ်ကျေးရွာအတွင်းက ဘုရားကျောင်းအပါအဝင် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရသလို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက ကျေးရွာအတွင်းက နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့  ကား၊ ဆိုင်ကယ်၊ အိမ်တွင်းပစ္စည်းတွေကို နေတိုင်းလိုလို ဆယ်ဘီးကားနဲ့ ယူဆောင်သွားတဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကို ဖမ်းယူစားသောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြစန္နီ၊ မဲကနယ်ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ သေ့ဘောပိုး၊ ဖလူး၊ ဆွေမျိုးတွေရှိရာ သောင်းရင်းမြစ်တဖက်ကမ်းက မော်လီချိုင်းကျေးရွာနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013