DVB Logo
Home
မြန်မာသတင်း
ကရင်နီအတွက် စည်းရိုးပရောဂျက်အောင်မြင်၊ ငွေကျပ်သိန်း ၁ သောင်းကျော်ရရှိ
DVB
·
April 19, 2023
ကရင်နီအတွက် စည်းရိုးပရောဂျက်အောင်မြင်၊ ငွေကျပ်သိန်း ၁ သောင်းကျော်ရရှိ
Donate to DVB

ကရင်နီတော်လှန်ရေး အင်အားစုတွေအတွက် စည်းရိုးပရောဂျက်ကနေ အမေရိကန်ဒေါ် လာ ၃ သိန်းခွဲ ကျော်ရရှိခဲ့ပြီး လျာထားချက် ငွေကျပ်သိန်း ၁ သောင်း ပြည့်မီရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်က စတင်နေ ဧပြီ ၁၆ ရက်အထိ ၂၈ ရက်တာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ပြည်တွင်း ပြည်ပက စည်းရိုး builders တို့ရေ… စည်းရိုး-The Fence ပရောဂျက်ဟာ ဆိုရင်ဖြင့် 100% ပြည့်ခဲ့ပါပြီဗျို့!!!!! 👏Project ကာလ ၂၈ ရက်တာကာလမှာ စုစုပေါင်း (353,000)USD ရရှိခဲ့ပြီး ကျနော်တို့ မှန်းထားတဲ့ သိန်း ၁၀၀၀၀ Target ကြီး ပြည့်သွားပါတယ်ခင်ဗျာ။ ဒီ့အတွက်ကြောင့်လည်း စည်းရိုး ပရောဂျက် Team - Fund Raiser နဲ့ Fund Raising Team တစ်ဖွဲ့ချင်းစီတိုင်းနဲ့ စည်းရိုးကာဖို့ ပါဝင်ပေးသူ တယောက် ချင်းစီကို ကျနော်တို့ စိုးရီး Team ကြီးက ကရင်နီကိုယ်စား ကျေးဇူးအများကြီး တင်ရှိပါတယ်ခင်ဗျာ။ KNDF ဗျူဟာ (၄) ရဲ့ လှုပ်ရှားမှုတွေမှာလည်း စည်းရိုး Builders တို့ရဲ့ အ ထောက်အပံ့တွေ အလဟဿမဖြစ်အောင်လို့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်လို့ ကရင်နီရဲ့ မြေပြင်သတင်းတွေကို စောင့်ကြည့်ပေးကြပါဦးဗျို့။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲတွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်း တိုက်ပွဲတွေအတွင်း အများဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူနေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သံဃာတော် ၃ ပါးအပါအဝင် အရပ်သားပြည်သူ ၂၅ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သားပြည်သူ ၂၉ ယောက် ထိခိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာြဖည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာ တွေအတွက် စစ်သုံး ရဟတ်ယာဉ် တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့ ဆိုပါတယ်။

၁ လတာ တိုက်ပွဲတွေအတွင်းမှာတော့ KNDF ဘက်က ရဲဘော် ၁၂ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ အဆိုပါ ရဲဘော်တွေအပါအဝင် မဟာမိတ် တပ်ဖွဲ့တွေက ရဲဘော်တွေကိုလည်း အာဇာနည်သူရဲကောင်းတွေအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်နက်သိမ်းဆည်းရရှိမှုအနေနဲ့ မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်တွေဆီက လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နဲ့ ခဲယမ်းတွေအပါအဝင် ဆက်သွယ်ရေး စက်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ကရင်နီ ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးနေကာ ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီး တော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013